12 Guide to using Windows 8 (12)
12. Favorites အတွင်း နှစ်သက်ရာ Folder တစ်ခုခုကို ထည့်သွင်းထားခြင်း
ဒီ နည်းလမ်းလေးကတော့ ကွန်ပျူတာရဲ့ Favorites အတွင်း သင်နှစ်သက်ရာ Folder များကို ထည့်သွင်းထားပေးနိုင်တဲ့ နည်းလမ်းလေးတစ်ခု ဖြစ်ပါတယ်။
ဒီလိုမျိုး ထည့်သွင်းထားမယ်ဆိုရင် နောက်တစ်ကြိမ် သင် အနှစ်သက်ဆုံး ၊ အသုံးအများဆုံး File တွေကို Favorites အတွင်းမှာ ပြန်လည်ရှာဖွေအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Favorites Folder အတွင်းသို့ ဝင်ရောက်ရန်အတွက် File Explore ကို ဖွင့်လိုက်ပါ။ ဘယ်ဖက် File Explorer ဘားရဲ့ အပေါ်ဖက်နားမှာ Favorites ဆိုတာ ရှိပါတယ်။ ၎င်း Favorites ကို ရွေးချယ်ပေးလိုက်ပါ။ ပြီးနောက် နှစ်သက်ရာ File , Folder များကို Favorites အတွင်းသို့ ထည့်သွင်းထားလိုက်ပါ။
ဒါမှမဟုတ် နှစ်သက်ရာ File , Folder များကို Rigth Click နှိပ်ပြီး Add Current location to Favorites ကို ရွေးချယ်ပေးနိုင်ပါတယ်။ ဒါဆိုရင် သင်ရွေးချယ်လိုက်တဲ့ File , Folder များကို Favorites အတွင်းမှာ အလွယ်တကူ ပြန်လည်ရှာဖွေနိုင်ပြီ ဖြစ်ပါတယ်။
Fig 21