12 Guide to using Windows 8 (2+3)

Written by S.N.O Published in 26 Sep 2014

2. Quickly Lanch a New Program

        ကွန်ပျူတာရဲ့ အောက်ခြေ Taskbar ပေါ်မှာ သိမ်းဆည်းထားတဲ့ Program များကို Click နှိပ်ပြီး တိုက်ရိုက် Run ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ အင်တာနက်အသုံးပြု ရန် အတွက် Browser တစ်မျိုးမျိုးကို သင့်ရဲ့ Taskbar ပေါ်မှာ Pin လုပ်ထားမယ်ဆိုရင် Click တစ်ချက်နှိပ်တိုင်း Tab အသစ်တစ်ခုအနေဖြင့် ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

နောက်ထပ် အားသာချက်တစ်ရပ်ကတော့ အမျိုးအစားတူ Program များကို Taskbar ပေါ်မှာ စုစည်းပေးထားပါတယ်။ အဲဒီလို စုစည်းပေးထားတဲ့ Icon လေးပေါ်မှာ Click တစ်ချက်နှိပ်လိုက်ပါ။

         ဒါဆိုရင် အောက်က ပုံအတိုင်း Run ထားသော Program တွေကို ပြသပေးမှာ ဖြစ်ပါတယ်။

 

Fig 3

 

        ပြီးနောက် နှစ်သက်ရာ Program ကို ဖွင့်လှစ်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အထက်ပါပုံကတော့ Chrome Browser မှာ အင်တာနက်အသုံးပြုနေပုံဖြစ်ပါတယ်။

ဒီလိုမျိုး New Program အနေဖြင့် အသုံးပြုခြင်းအားဖြင့် New Tab အနေဖြင့် ရရှိနိုင်ပါတယ်။ နှစ်သက်ရာ Tab ကို အဆင်ပြေပြေ ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

3. Copy a file path

        Windows 8 ရဲ့ နောက်ထပ်အားသာချက်ကတော့ Copy a File Path ပါဝင်လာခြင်းဖြစ်ပါတယ်။ ဒီ Function ကတော့ ကွန်ပျူတာအတွင်းမှာရှိတဲ့ File များ Folder များရဲ့တည်နေရာကို အလွယ် တကူ ကူးယူနိုင်စေရန် ဖြစ်ပါတယ်။ File Path တစ်ခုလုံးကို ကူးယူသော စနစ်ဖြစ်ပါတယ်။ အထူးသဖြင့် File ရဲ့ တည်နေရာ ကိုညွှန်ပြပေးတာ ဖြစ်ပါတယ်။

 

Fig 4

 

        Copy a File Path ကို အသုံးပြုရန်အတွက် Windows 8 အတွင်း နှစ်သက်ရာ Folder တစ်ခုကို ရွေးချယ်လိုက်ပါ။ ပြီးနောက် Shigt + Right Click နှိပ်လိုက်ပါ။ ပုံမှန် Right Click နှိပ် ရုံဖြင့် Copy as path ဆိုတာကို တွေ့ရမှာ မဟုတ်ပါဘူး ။ Shift ကိုပါ ဖိထားပေးရပါမယ်။

        ဒါဆိုရင် Copy as Path ကို မြင်တွေ့နေရပါပြီ။ ဒီလို Copy လုပ်ပြီးနောက် သင့်ရဲ့ windows explorer မှာ Control + V ကို နှိပ်ကာ Paste ပြန်လည်ကြည့်ပါ ။ File Path ကော်ပီ ကူးယူထားသော နေရာကို ပြန်လည်ညွှန်ပြပေးနေမှာ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.