12 Guide to using Windows 8 (4)
4.Using Right Click
Windows Program ရဲ့ Right Click ဟာ ပုံမှန်လုပ်ဆောင်နေသော Process များကို ပိုမိုမြန်ဆန်စေရန် ကူညီဆောင်ရွက်ပေးပါတယ်။ ပုံမှန်အသုံးပြုနေကျ Function များကို Right Click မှာ မှတဆင့် အလွယ်တကူ မြန်ဆန်စွာ အသုံးပြုနိုင်ပါတယ်။
ဥပမာ အားဖြင့် Send to ကို လေ့လာကြည့်ပါမယ်။ ပုံမှန်အားဖြင့် File တစ် File ကို ကော်ပီကူးယူမယ်ဆိုရင် ၎င်း File ကို အရင်ဆုံး Copy ကူး ၊ ပြီးရင် တခြားနေရာတစ်ခုမှာ Paste ပြန်ချ ။ ဒီလိုမျိုးနှစ်ဆင့် လုပ်ဆောင်ရပါတယ်။ ဒီလို အဆင့်တွေအတွက် Send to ကို အသုံးပြုနိုင်ပါတယ်။
Send to ကို အသုံးပြုရန်အတွက် Desktop ပေါ်ရှိ Folder တစ်ခုခုပေါ်မှာ Right Click နှိပ်လိုက်ပါ။ ပြီးနောက် Send to ကို ရွေးလိုက်ပါ။
Fig 5
ဒါဟာ ဆိုလိုချင်တဲ့ Send to မဟုတ်ပါဘူး။ သူ့ရဲ့ လုပ်ဆောင်နိုင်မှုဟာ နည်းပါးပါတယ်။ အထူးသဖြင့် သူဟာ Shortcut အနေဖြင့် အသုံးပြုမှာလား CD/ DVD အတွင်း ထည့်သွင်းပြီး Data ကူးယူမှာလားဆိုတာမျိုးကိုသာ လုပ်ဆောင်ပေးပါတယ်။
နောက်တစ်နည်း Send to ကို အသုံးပြုပါတယ်။ ပုံမှန် Right Click အစား Shift + Right Click ကို အသုံးပြုကြည့်ပါ။ ပြီးနောက် Send to ကို ရွေးချယ်ကြည့်ပါ။
fig 7
ဒါဆိုရင် ဒီ Send to ကတော့ သူ့ရဲ့လုပ်ပိုင်ခွင့် Process ဟာ ပိုမိုများပြားလာပြီ ဖြစ်ပါတယ်။ Send to > My Document ကို ရွေးချယ်ကြည့်လိုက်ပါ။ ဒါဆိုရင် သင် Send လုပ်လိုက်တဲ့ File , Folder ကို My Document အတွင်းသို့ ကော်ပီ ကူးယူပေးသွားမှာ ဖြစ်ပါတယ်။
အဲဒီတော့ ရိုးရိုး Send to ကို အသုံးပြုမယ်ဆိုရင် Shortcut ကိုပဲ ကော်ပီကူးလို့ရပါတယ်။ ဒီလိုမျိုး Shift + Send to ကို အသုံးပြုခြင်းအားဖြင့် ကွန်ပျူတာအတွင်း နှစ်သက်ရာ နေရာများဆီသို့ ကော်ပီ ကူးယူနိုင်မှာ ဖြစ်ပါတယ်။