12 Guide to using Windows 8 (5)
5. Tweaking the Send to menu
ဒီ Tweak လေးကတော့ အတော်လေး လူသိနည်းပါတယ်။ ဒါပေမယ့် တကယ်ကောင်းမွန်ပြီး အကျိုးရှိတဲ့ Tweak လေးတစ်ခုဖြစ်ပါတယ်။
ဒါကတော့ Send to ကို သင့်စိတ်ကြိုက် ပြင်ဆင်နိုင်ရန် ဖြစ်ပါတယ်။ Desktop ပေါ်မှာ ပုံမှန် Right Click > Send to ကို နှိပ်ကြည့်လိုက်ပါ။
fig 8
အခု Send to Menu မှာ တွေ့ရမှာကတော့ Shortcut ဖန်တီးမှာလား CD / DVD Drive ထဲ ကော်ပီ ကူးယူမှာလားဆိုတာတွေချည်းပါပဲ။ တကယ် ကူးယူချင်တဲ့နေရာကတော့ Data D အတွင်းကို ဖြစ်ပါတယ်။ ဒါပေမယ့်အဲဒီမှာ Data D ဆိုတာ မတွေ့ရပါဘူး။ ဒီတော့ Send to ရဲ့ Menu ကို ပြန်လည် ပြင်ဆင်ပေးရန် လိုအပ်ပါတယ်။
အရင်ဆုံး Windows Explorer ကို ဖွင့်လိုက်ပါ။ အပေါ်ဖက်က Explorer Bar မှာ Shell:sendto လို့ ရိုက်ထည့်လိုက်ပါ။
fig 9
ဒါဆိုရင် အခုလိုမျိုး Send to ထဲကို ရောက်သွားပါလိမ့်မယ်။
fig 10
ဒီတည်နေရာဟာ Right Click > Send to ရဲ့ တည်နေရာ ဖြစ်ပါတယ်။ အခု Send to ထဲမှာ Data D: ကို ထည့်သွင်းချင်တဲ့အတွက်ကြောင့် ဘယ်ဖက်က Data D ကို Send to အတွင်းသို့ drag ဆွဲ၍ ထည့်သွင်းလိုက်ပါ။
Fig 11
သင့်အနေဖြင့် Send to အောက်မှာလည်း နှစ်သက်ရာ Folder တစ်ခုခုကို တည်ဆောက်ထားလို့ ရပါတယ်။ အခု My Folder ဆိုပြီးတော့ Folder အသစ်လေးတစ်ခု ထပ်မံတည်ဆောက်ထားပါတယ်။
ပြီးရင်တော့ Send to Windows ကို ပိတ်လိုက်ပါမယ်။ Desktop ပေါ်က နှစ်သက်ရာ Folder တစ်ခုခုကို Right Click နှိပ်ကြည့်လိုက်ပါ။ ပြီးနောက် Send to ကို ရွေးချယ်လိုက်ပါ။
Fig 12
အခု Send to အတွင်း ထည့်သွင်းထားတဲ့ My Folder , Data D ဆိုတာကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ ဒါဆိုရင် ၎င်း File ကို Data D: , အတွင်းသို့ အလွယ်တကူ ကော်ပီ ကူးယူနိုင်ပြီ ဖြစ်ပါတယ်။