12 Guide to using Windows 8 (6+7)
6. Using Undo
ကွန်ပျူတာအတွင်း Process များကို ပြန်ပြင်ချင်တယ်ဆိုရင်တော့ Undo ကို ပြန်လည်ပြုလုပ်လို့ ရပါတယ်။ Undo ရဲ့ Shortcut ဟာ Control + Z ဖြစ်ပါတယ်။ ဒီလို Control + Z ကို နှိပ်ခြင်းအားဖြင့် Back ပြန်လည်ပြုလုပ်လို့ ရပါတယ်။ ဒီလို Undo ကို မည်သည့် Program မှာမဆို ဒီ Shortcut အတိုင်း အသုံးပြုနိုင်ပါတယ်။
Fig 13
Undo ဟာ သာမန် Process များအပြင် ကွန်ပျူတာအတွင်း Rename , New Folder , Copy , Paste , စတာတွေကိုပါ Undo ပြန်လည်ပြုလုပ်လို့ ရပါတယ်။
ဥပမာအားဖြင့် သင်ဟာ Desktop ပေါ်မှ Folder တစ်ခုခုကို ပုံမှန် Delete နှင့် ဖျက်လိုက်တယ်ဆိုပါစို့။ ဒါဆိုရင် အဲဒီ File ကို ပြန်ခေါ်ချင်တယ်ဆိုရင် Undo ပြန်လည်ပြုလုပ်နိုင်ပါတယ်။
Fig 14
ဒီလို နည်းလမ်းအတိုင်း Undo ကို အခြား Process များစွာမှာ အသုံးပြုနိုင်ပါတယ်။
7. Using Item Check boxes
ဒီ Trick လေးကတော့ File များအား ကော်ပီကူးယူခြင်း၊ Move လုပ်ခြင်း ၊ Cut လုပ်ခြင်းတို့မှာ အသုံးပြုနိုင်တဲ့ Feature တစ်ခု ဖြစ်ပါတယ်။ ပုံမှန် File တွေကို ကော်ပီ ၊ Move လုပ်ရာမှာ Mouse နဲ့ Select မှတ်ပြီး ကူးယူလေ့ရှိပါတယ်။ Folder တစ်ခုထက်ပိုပြီး ကော်ပီကူးယူချင်တယ်ဆိုရင်တော့ Control Key နဲ့ တွဲဖက်ပြီး Select မှတ်ရပါတယ်။
နောက်တစ်နည်းကတော့ Windows Explorer မှာရှိတဲ့ item chck boxes ဆိုတဲ့ နေရာလေးမှာ အမှန်ခြစ်လေး ထည့်သွင်းပေးလိုက်ပါ။ ဒါဆိုရင် Folder များရဲ့ အပေါ်ဖက်မှာ အမှန်ခြစ်ထည့်သွင်းရာ နေရာလေး ပေါ်နေပါလိမ့်မယ်။ အလွယ်တကူ အမှန်ခြစ်လေးများ ထည့်သွင်းပြီး ကော်ပီကူးယူနိုင်ပါတယ်။
fig 15