12 Guide to using Windows 8 (8+9)
8. Aero Snap ကို အသုံးပြုခြင်း
Windows 8 အပြင် Windows 7 မှာလည်း ပါဝင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ သင့်ကွန်ပျူတာအတွင်း Multiple Windows များကို အလွယ်တကူ ကြည့်ရှု ချင်တယ်ဆိုပါက ဒီ Aero Snap ကို အသုံးပြုနိုင်ပါတယ်။
Windows နှစ်ခုကို တစ်ပြိုင်နက်တည်း ကြည့်ရှုချင်တယ်ဆိုရင်တော့ Windows တစ်ခုကို Mouse နဲ့ ဘယ်ဖက် ကို ဆွဲလိုက်ပါ။ နောက်တစ်ခုကိုတော့ ညာဖက်ကို ဆွဲလိုက်ပါ။
ဒါဆိုရင် Windows နှစ်ခုကို ဘေးချင်းယှဉ်လျှက်အနေအထား အတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Keyboard Shorcut အနေနဲ့ကတော့ Windows + Left Arrow , Windows + Right Arrow များကို အသုံးပြုနိုင်ပါတယ်။
Fig 16
Windows + Up Arrow ကတော့ Maximize ဖြစ်ပါတယ်။ Windows + Down Arrow ကတော့ သင်သတ်မှတ်ထားတဲ့ ပုံစံအတိုင်း Restore ပြုလုပ်ပေးတာ ဖြစ်ပါတယ်။
9. Using Windows Search
Windows Search ကတော့ ကွန်ပျူတာအတွင်းရှိ File , Folder များကို အလွယ်တကူ ရှာဖွေပေးနိုင်ရန် ထည့်သွင်းပေးထားတဲ့ Feature တစ်ခု ဖြစ်ပါတယ်။ Windows 8 မှာဆိုရင် ဒီ Search Options ဟာ အသေးစိတ်ရှာဖွေပေးနိုင်သော Details အချက်အလက်များကို ထည့်သွင်းပေးထားပါတယ်။
Windows Search ကို အသုံးပြုရန်အတွက် F 3 ကို နှိပ်လိုက်ပါ။ Windows အတွင်း ထည့်သွင်းပေးထားတဲ့ F3 ဟာ ရှာဖွေမှုများစွာကို ပြုလုပ်နိုင်သော Keyတစ်ခု ဖြစ်ပါတယ်။
ဥပမာ စာစီစာရိုက် Process အတွင်း F 3 ကို နှိပ်မယ်ဆိုရင် စာလုံးပေါင်းများကို အလွယ်တကူ ရှာဖွေပေးတဲ့ Feature တစ်ခု ဖြစ်ပါတယ်။ အခု ပုံမှန် Search လုပ်ရန်အတွက် F 3 ကို နှိပ်လိုက် ပါမယ်။
fig 17
ဒီ Search Tools မှာဆိုရင်တော့ Search ပြုလုပ်ရန်အတွက် Feature များစွာ ပါဝင်ပါတယ်။ အပေါ်ဖက်မှာဆိုရင် All Subfolders ဆိုတာ ရှိပါတယ်။ ဒါဆိုရင် ကွန်ပျူတာအတွင်း Sub Folder များစွာအတွင်းမှ File များကို ရှာဖွေပေးမှာ ဖြစ်ပါတယ်။
Date Modified ကတော့ နေ့စွဲအလိုက် ရှာဖွေပေးတာ ဖြစ်ပါတယ်။ Size , Kind တို့ကတော့ သင်ရှာဖွေမည့် File အမျိုးအစား ၊ အရွယ်အစားတို့ကိုပြောတာ ဖြစ်ပါတယ်။ ဒီ Feature များဟာ ယခင် Windows များမှာလည်း ပါဝင်ပါတယ်။ ဒါပေမယ့် Windows 8 မှာကတော့ အလွယ်တကူ အသုံးပြုနိုင်ရန် စီစဉ်ပေးထားတာကို တွေ့ရပါတယ်။