WeFeel ခေါ် Web Search Tool တစ်ခုနှင့် မိတ်ဆက်ခြင်း

Written by S.N.O Published in 21 May 2014

      ကမ္ဘာတလွှားမှာ ဖြစ်ပျက်နေတဲ့ အချက်အလက်တွေနှင့် ပါတ်သက်ပြီး အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန်အတွက် သြစတေးလျနိုင်ငံရှိ သုတေသီများမှ WeFeel ဆိုသည့် Web Tool တစ်ခုကို စတင် ဖန်တီး ပြုလုပ်ခဲ့ပါတယ်။

၎င်း Tool ဟာ Twitter ပေါ်ရှိ Tweets သန်းပေါင်းများစွာကို Scan ပြုလုပ်ပေးနိုင်သည့် Tool တစ်ခုဖြစ်ပြီး နေ့စဉ်ဖြစ်ပျက်နေသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ရှာဖွေပေးနိုင်ပြီး သတင်း အချက်အလက်တစ်ခုစီ၏ တည်နေရာများကိုလည်း မြေပုံပေါ်တွင် ဖော်ပြပေးမှာ ဖြစ်ပါတယ်။

 

 

WeFeel ဆိုသည့် Web Tool ဟာ အခြေခံအားဖြင့် နေ့စဉ် Tweets ပေါင်း 27 သန်းကျော်ကို Scan ပြုလုပ်ရှာဖွေပေးနိုင်ပြီး Key Word ပေါင်း 600 ကျော်ကိုလည်း သက်ဆိုင်ရာရှာဖွေမှုအလိုက် ထုတ်နှုတ်ပြသပေးနိုင်ပါတယ်။

      ထို့အပြင် Key Emotion လို့ခေါ်တဲ့ Love , Joy , Surprise , Anger , Sadness အစရှိသည့် စိတ်ခံစားမှုများကိုလည်း Emotion Word များကို အသုံးပြုပြီး ရှာဖွေသူ မြင်သာစေရန် ထုတ်နှုတ် ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ရှာဖွေမှု အလိုက် Data များကို  နေရာဒေသအလိုက်၊ နေ့စွဲအလိုက် ၊ စိတ်ခံစားချက် အလိုက် တိကျစွာ ထုတ်နှုတ်ဖော်ပြပေးမှာ ဖြစ်တာကြောင့် Twitter အသုံးပြုသူများအနေဖြင့် နှစ်သက်သဘောကျစေနိုင်မည့် Web Tool တစ်ခု ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.