2. 12 Guide to Master Microsoft Word
2. Insert and resize pictures in a document.
ဒုတိယအချက်အနေနဲ့ သိထားသင့်တာကတော့ MS Word မှာ သင်နှစ်သက်ရာ ဓါတ်ပုံများ ထည့်သွင်းဖန်တီးနိုင်ရန် ဖြစ်ပါတယ်။ ဒီအချက်က လူအများသိပြီးသား အချက်ဖြစ်ပေမယ့် မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ထည့်သွင်းဖော်ပြလိုက်တာ ဖြစ်ပါတယ်။
MS Word မှာ ဓါတ်ပုံတွေကို အလွယ်တကူ Copy , Paste နှင့် ဆွဲထည့်လို့ရပါတယ်။ နောက်တစ်နည်းကတော့ MS Word ရဲ့ အပေါ်ဖက် Menu Bar မှ Insert Menu ကို ရွေးလိုက်ပါ။ ပြီးနောက် Picture ကို Click နှိပ်လိုက်ပါ။
Fig (1)
ပြီးရင်တော့ သင့်ကွန်ပျူတာအတွင်းရှိ နှစ်သက်ရာ ဓါတ်ပုံတစ်ပုံကို ရွေးချယ်ပြီး ထည့်သွင်းနိုင်ပါပြီ။
Fig (2)
အခုလို ဓါတ်ပုံကို စာသားနှင့်ပေါင်းစပ်ရန် ထည့်သွင်းအသုံးပြုတတ်ပြီဆိုတော့ ဒုတိယအဆင့်အနေဖြင့် ဓါတ်ပုံ Style အကြောင်းကို ဆက်လက်လေ့လာပါမယ်။ MS Word မှာ Text Style တွေ ပါဝင်သလို Photo Style တွေလည်း ပါဝင်ပါတယ်။ ယခု ထည့်သွင်းထားတဲ့ Photo ကို Style ပြောင်းလဲရန် ပုံပေါ်မှာ Click နှိပ်ပြီး ၎င်းပုံကို Select မှတ်လိုက်ပါ။
Fig (3)
အဲဒီလို Select မှတ်လိုက်တာနှင့် တစ်ပြိုင်နက်တည်း Format ဆိုတဲ့ Menu Bar အသစ်တစ်ခုကို ထပ်မံမြင်တွေ့ရမှာ ဖြစ်ပါတယ်။ Format ဆိုတဲ့ နေရာမှာ တစ်ချက် Click နှိပ်လိုက်ပါ။
Fig (4)
Picture Styles အကွက်ထဲမှ သင်နှစ်သက်ရာ Styles တစ်ခုခုကို ရွေးချယ်ပြီး Click နှိပ်လိုက်ပါ။
Fig (5)
အခုဆိုရင် သင်ထည့်သွင်းထားတဲ့ Photo ဟာ သင်ရွေးချယ်လိုက်တဲ့ Photo Styles ပုံစံအတိုင်း ပြောင်းလဲသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
Fig (6)