3. 12 Guide to Master Microsoft Word
3. Wrap text around images.
နံပါတ် 3 အချက်အနေဖြင့် စာသားနှင့် ပုံများကို ပေါင်းစပ်ကာ ဒီဇိုင်းပြုလုပ်ပုံကို ပြောပြပါမယ်။ ဒီအချက်ကတော့ ဂျာနယ်၊ မဂ္ဂဇင်း တွေမှာ အသုံးပြုလေ့ရှိတဲ့ ဒီဇိုင်းပုံစံ ဖြစ်ပါတယ်။ Wrap text around images function ကိုလက်တွေ့ ပြုလုပ်ရန်အတွက် MS Word Program ကိုဖွင့်ပါ။ ပြီးနောက် သင်နှစ်သက်ရာ စာသားများ ဓါတ်ပုံများကို ထည့်သွင်းထားလိုက်ပါ။
Fig (1)
ထိုသို့ ထည့်သွင်းပြီးပါက ဓါတ်ပုံအပေါ်မှာ Right Click နှိပ်ပြီး Pop up Menu မှတစ်ဆင့် Text Wrapping > Through ကို ရွေးချယ်ပေးလိုက်ပါ။ ထို့နာက် စာသားနှင့်ဓါတ်ပုံကို ယခုကဲ့သို့ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Fig (2)
ဓါတ်ပုံအောက်တွင် Caption ရေးထိုးရန်အတွက် ဓါတ်ပုံကို Right Click နှိပ်ပြီး Insert Caption ကို ရွေးချယ်ပေးလိုက်ပါ။
Fig (3)
ထို့နာက် Figure 1 အတိုင်းပဲထားပြီး OK ကို နှိပ်လိုက်ပါ။ တကယ်လို့ အခြား Label တွေကို လိုချင်ရင်တော့ Label: ဘေးရှိ Down Arrow ကို နှိပ်ကာ အခြား Table, Equation , Figure စတာတွေကို ပြောင်းလဲ ရွေးချယ်လို့ရပါတယ်။
Fig (4)
တကယ်လို့ ဓါတ်ပုံ Label ကို သင့်စိတ်ကြိုက် ရေးထိုးချင်တယ်ဆိုရင်တော့ New Label ကို နှိပ်ကာ ကြိုက်နှစ်သက်ရာ စာသားများ ရေးထိုးနိုင်ပါတယ်။ Label ရေးထိုးပြီးရင်တော့ အောက်က ပုံအတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Fig (4)