4. 12 Guide to Master Microsoft Word
Watermarks ကတော့ ရေစာ စာလုံးပုံစံကို ဆိုလိုတာ ဖြစ်ပါတယ်။ Watermarks ကို ရုံးသုံး Letter စာရွက်များ၊ ဘောက်ချာများ၊ အောင်လက်မှတ်များစတဲ့ နေရာတွေမှာ အသုံးပြုပါတယ်။
သူ့ရဲ့သဘောကတော့ နောက်ခံစာသားများ ထည့်သွင်းထားတဲ့ စာမျက်နှာတစ်ခု ပြုလုပ်ခြင်းပင် ဖြစ်ပါတယ်။ Watermarks ကို လက်တွေ့လုပ်ဆောင်ကြည့်ရန်အတွက် Page layout tag ကို သွားပါ။ ပြီးနောက် Watermarks ကို ရွေးချယ်ပေးလိုက်ပါ။
Fig (1)
ထို့နောက် အောက်ဖော်ပြပါ ပုံအတိုင်း Watermarks အမျိုးအစားများကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီထဲကမှ ပထမဦးဆုံး တွေ့မြင်နေရသည့် CONFIDENTIAL ကို ရွေးလိုက်ပါမယ်။
Fig (2)
ဒါဆိုရင် သင့်ရဲ့ စာမျက်နှာအတွင်းမှာ အောက်ကပုံအတိုင်း CONFIDENTIAL ဆိုတဲ့ စာသားကို ထည့်သွင်းပေးသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
Fig (3)
အခု ပြုလုပ်ဖန်တီးလိုက်တဲ့ Watermarks ကို စိတ်ကြိုက်ပြင်ဆင် အသုံးပြုပါမယ်။ ပထမဦးဆုံး Watermarks တွေရဲ့ အောက်ခြေမှာရှိတဲ့ custom Watermark ကို နှိပ်လိုက်ပါ။
Fig (4)
ပြီးနောက် စာသားကို ပြင်ဆင်ရန်အတွက် CONFIDENTIAL ဆိုတဲ့ စာသားနေရာမှာ စာပြောင်းလဲ ရိုက်နိုင်ပါတယ်။ စာလုံး ပုံစံ FONT ကို ပြင်ဆင်ချင်တယ်ဆိုရင်တော့ Font : နေရာမှာ ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။
Size ကတော့ စာလုံးအရွယ်အစားကို ဆိုလိုတာ ဖြစ်ပါတယ်။ များသောအားဖြင့် Auto နှင့် အသုံးပြုတာများပါတယ်။ စာလုံးအရောင်ကိုတော့ Color မှတစ်ဆင့် ပြောင်းလဲပေးနိုင်ပါတယ်။ အားလုံးပြီးသွားရင်တော့ Apply ကို နှိပ်လိုက်ပါ။
Fig (5)
ဒါဆိုရင် သင်သတ်မှတ်လိုက်တဲ့ စာလုံး၊ Font ၊ အရောင် အတိုင်း Watermarks တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ အောက်ကပုံကို ကြည့်ပါ။
Fig (6)
Water marks တွေ ထည့်သွင်းရာမှာ ပုံမှန်စာသားနှင့် အသုံးပြုနိုင်သလို ဓါတ်ပုံများနှင့်လည်း Watermarks တွေကို ပြုလုပ်ဖန်တီးလို့ရပါတယ်။ စာသားထက်စာရင် ဓါတ်ပုံနှင့်အသုံးပြုတာဟာ ပိုမိုကောင်းမွန်ပါတယ်။ Water marks ရဲ့ သဘောတရားဟာ အခြားသူများ လိုက်လံတုပလုပ်ယူလို့မရအောင် ပြုလုပ်ထားခြင်း ကိုဆိုလိုတာပါ။
ဥပမာ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ကိုယ်ပိုင်ရုံးစာတွေကို ပုံမှန်စာရွက်အတိုင်းမပြုလုပ်ပဲ Water mark ပြုလုပ်ပြီး အသုံးပြုခြင်းဟာ ပိုမိုကောင်းမွန်ပါတယ်။ စာရွက်ကို အတုလုပ်လို့မရတော့ဘူးပေါ့။ အခု Photo Water marks တစ်ခုကို ပြုလုပ်ဖန်တီးပါမယ်။ Water marks အောက်က Custom Water mark ကိုပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ပြီးနောက် Picture Watermark ကို ရွေးလိုက်ပါ။
Fig (7)
Select Picture မှတစ်ဆင့် သင့်ကွန်ပျူတာအတွင်းရှိ ဓါတ်ပုံတစ်ပုံကို ရွေးချယ်ပေးလိုက်ပါ။ အောက်ကပုံအတိုင်း ဖြစ်ပါတယ်။
Fig (8)
အခု My Document အောက်က Sample Pictures ဆိုတဲ့ အခန်းထဲက ဓါတ်ပုံတစ်ပုံကို ရွေးချယ်လိုက်ပါတယ်။ ပြီးနောက် Insert ကို နှိပ်လိုက်ပါတယ်။
Fig (9)
အခုဆိုရင် စာရွက်ရဲ့ နောက်ခံမှာ ရွေးချယ်ထားတဲ့ ပုံကို ထည့်သွင်းထားတာကို တွေ့ရပါတယ်။
Fig (10)