4 Free Memory Test Programs

Written by S.N.O Published in 12 Jun 2014

      ယခု ရေးသားဖော်ပြလိုက်တဲ့ Program လေးတွေကတော့ သင့်ကွန်ပျူတာရဲ့ Memory (RAM) ကို ကောင်းလား မကောင်းဘူးလား ဆိုတာကို စမ်းသပ်စစ်ဆေးပေးနိုင်တဲ့ Program လေးတွေ ဖြစ်ပါတယ်။

ဒီ Program တွေဟာ အသုံးပြုရာမှာ လွယ်ကူလျင်မြန်ပြီး စွမ်းဆောင်ရည်လည်း အလွန်ကောင်းမွန်တာကို တွေ့ရပါတယ်။ ကွန်ပျူတာအတွင်းမှာရှိတဲ့ RAM ရဲ့ Error တွေကို ရှင်းလင်းပေးနိုင်သလို RAM ရဲ့ System တွေကိုလည်း အသေးစိတ် ဖော်ပြပေးနိုင်စွမ်းရှိပါတယ်။

ဒီ Memory Test Program တွေအားလုံးဟာ Windows Xp , Winodws 7 , Windows 8 စတဲ့ Operating System တွေမှာ အဆင်ပြေပြေ RUN လုပ်နိုင်ပါတယ်။ တကယ်လို့ ဒီ Program တွေကနေပြီး Memory Test Fail ဆိုပြီး ရေးသားဖော်ပြနေမယ်ဆိုရင်တော့ သင့်ကွန်ပျူတာရဲ့ အဓိက Problem ဟာ RAM မှာ ဖြစ်နေတယ်ဆိုတာကို အလွယ်တကူ သိရှိနိုင်မှာဖြစ်ပြီး ၎င်း RAM ကို ဆက်လက်အသုံးပြုရန် မသင့်တော့ကြောင်း ဒီ Program တွေမှ ထုတ်နှုတ်ဖော်ပြမှာ ဖြစ်ပါတယ်။

1. Memtest86

Memtest86 ဟာ အင်တာနက်မှ အခမဲ့ download ရယူကာ အသုံးပြုနိုင်တဲ့ RAM Test Program တစ်ခု ဖြစ်ပါတယ်။ သူ့ကို Download ပြုလုပ်ရာမှာ Memtest86 ရဲ့ website မှတဆင့် ISO Image File အနေဖြင့် ရယူနိုင်မှာဖြစ်ပြီး အဲဒီ ISO File ကို Disc နဲ့ ကူးယူရာ Boot လုပ်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။

အသုံးပြုရန် အနည်းငယ်တော့ အခက်အခဲရှိပေမယ့် သူ့မှာ တကယ့်ကို Powerful ဖြစ်တဲ့ Feature တွေများစွာ ပါဝင်ပါတယ်။ တကယ်လို့ CD Disc နဲ့ ကူးယူပြီး အသုံးမပြုချင်ဘူးဆိုလည်း အခြားသော USB Drive များအတွင်း ထည့်သွင်းပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။

Hardware Service သမားများအနေဖြင့်ကော Hardware Developer များအနေဖြင့်ပါ အသုံးပြုရန် သင့်တော်တဲ့ Program တစ်ခုဖြစ်ပြီး Free Version , Pro Version နှစ်မျိုးခွဲခြား ထုတ်လုပ်ထားပါတယ်။ ဒီ Program ဟာ 2016 ခုနှစ် 6 လပိုင်းအတွက် အကောင်းဆုံး Memory Test Program အနေဖြင့် အသတ်မှတ်ခံထားရတဲ့ Software Program တစ်ခုဖြစ်တာကြောင့် System သမားတွေ အနေဖြင့် လက်ကိုင်အသုံးပြုသင့်တဲ့ Program ကောင်းတစ်ခု ဖြစ်ပါတယ်။

 

 

2. Windows Memory Diagnostic

Windows Memory Diagnostic ကတော့ အခမဲ့အသုံးပြုနိုင်တဲ့ Memory Test Program တစ်ခုဖြစ်ပြီး ၎င်းကို Microsoft မှ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အခြားသော RAM Test Program များနှင့် အသုံးပြုပုံတူညီပြီး Windows Memory Diagnostic ဟာ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ RAM ကောင်းမကောင်း၊ Error ရှိမရှိကို ကောင်းစွာ စစ်ဆေးပေးနိုင်တဲ့ Program ကောင်းတစ်ခု ဖြစ်ပါတယ်။

Windows Memory Diagnostic ဟာ Windows OS မှာသာမကပဲ အခြားသော Operating System များအတွင်းမှာပါ အသုံးပြုနိုင်တဲ့ Program တစ်ခုဖြစ်တာကြောင့် သူ့ကို လူသုံးပိုမိုများပြားပါတယ်။ Windows Memory Diagnostic ကို အသုံးပြုရာမှာလည်း ISO Image အနေဖြင့်သာ အသုံးပြုရာမှာဖြစ်ပြီး သင်နှစ်သက်ရာ CD, DVD များအတွင်း ကူးယူထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။

 

 

3. Memtest86+

Memtest86+ ကတော့ ယခုရက်ပိုင်းအတွင်းမှ ထွက်ရှိလာခဲ့တဲ့ up-to-date version RAM Test Program တစ်ခု ဖြစ်ပါတယ်။ ယခင် Memtest86 နဲ့ အသုံးပြုပုံခြင်း ဆင်တူပေမယ့် သူ့မှာ ပိုမိုကောင်းမွန်တဲ့ Feature အသစ်တွေ ထည့်သွင်းပေးထားပါတယ်။ Memtest86+ ဟာ အကောင်းဆုံး Program အနေဖြင့် No 1 Position မှာရှိနေတဲ့ Program တစ်ခုဖြစ်ပြီး အသုံးပြုလိုသူတွေ အနေဖြင့် အင်တာနက်မှ အခမဲ့ Download ပြုလုပ်ကာ အသုံးပြုနိုင်ပါတယ်။

4.DocMemory Disgnostic

DocMemory Disgnostic ဟာ ကွန်ပျူတာအတွင်းမှာ တပ်ဆင်ထားတဲ့ Memory များကို Test လုပ်ရာမှာ အသုံးပြုနိုင်တဲ့ Program တစ်ခု ဖြစ်ပါတယ်။ အခြား Program များကဲ့သို့ အသုံးပြုနိုင်ပြီး သူ့မှာလည်း အဆင့်မြင့် Feature တွေ ထည့်သွင်းပေးထားပါတယ်။

DocMemory Disgnostic ဟာ Memory Fail ဖြစ်နေတဲ့ အစိတ်အပိုင်းတွေကို အသေးစိတ်ရှာဖွေပေးနိုင်ပြီး User ကို output ပြန်လည်ထုတ်လုပ်ပြမှာ ဖြစ်ပါတယ်။ သူ့ကို CD, DVD အခွေများအတွင်း ကူးယူပြီး အသုံးပြုရမှာဖြစ်ပြီး Windows အတက်မှာ Boot လုပ်ပြီး RAM များကို စစ်ဆေးအသုံးပြုရမှာ ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.