4. HTML ကို လေ့လာခြင်း
Create your first Website
ဒီသင်ခန်းစာမှာတော့ HTML Element တွေရဲ့ အလုပ်လုပ်ပုံကို ဆက်လက်လေ့လာရမှာ ဖြစ်ပါတယ်။ လောလောဆယ် ဒီသင်ခန်းစာလေးကို Tutorial အနေဖြင့် လေ့လာကြည့်ပါမယ်။ ပြီးတော့မှ အသုံးပြုသွားတဲ့ Element တွေကို အသေးစိတ် ပြောပြပါမယ်။ ပထမဦးဆုံး HTML ရေးသားရန်အတွက် သင့်ကွန်ပျူတာအတွင်းရှိ Notepad ကိုဖွင့်လိုက်ပါမယ်။
Fig (1)
ပြီးနောက် အောက်ဖော်ပြပါ အတိုင်း သင့်ရဲ့ Notepad ထဲမှာ ရိုက်ထည့်လိုက်ပါ။
<html>
<head>
<title>My first website </title>
</head>
<body>
<p>Hurrah! This is my website.</p>
</body>
</html>
ပြီးနောက် Sample.html ဆိုပြီး သင့်ကွန်ပျူတာအတွင်းရှိ နှစ်သက်ရာ နေရာတစ်နေရာမှာ သိမ်းဆည်းလိုက်ပါ။ ဒါဆိုရင် သင်ဟာ HTML နှင့် ပထမဦးဆုံး Sample Web Page တစ်ခုကို ဖန်တီး တတ်သွားပြီ ဖြစ်ပါတယ်။ ဒီ Web Page ကို ပြန်လည်ဖွင့်ကြည့်တဲ့အခါမှာ Browser မှာ အခုလိုမြင်တွေ့ရပါလိမ့်မယ်။
Fig (2)
အခု ဒီ Web Page ဘယ်လိုဖြစ်သွားသလဲ ဆိုတာကို အသေးစိတ်ပြောပြပါမယ် ။ ပထမဦးဆုံး <html> </html> ဆိုတာကတော့ ဒီ Document ဟာ HTML Document တစ်ခု ဖြစ်ကြောင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။ သဘောကတော့ HTML Element တွေကို အသုံးပြုပြီး Web Page တစ်ခု စရေးပြီလို့ ပြောလိုက်တာပါ။ </html> ကတော့ အဆုံးပိတ် ကိုပြောတာပါ။
Head ကတော့ Heading ကို ပြောတာ ဖြစ်ပါတယ်။ သင်ရေးသားမည့် HTML Document နဲ့ ပတ်သက်ပြီး information ပေးရန်အတွက် <head></head> ဆိုတဲ့ Element နှစ်ခု အတွင်းမှာ သင်ရေးသားဖော်ပြလိုတဲ့ စာသားကို ထည့်သွင်းထားရပါမယ်။ ဖြစ်ပေါ်လာတဲ့ Web Page နှင့် တွဲဖက်လေ့လာကြည့်ရင် အလွယ်တကူ သဘောပေါက်ပါလိမ့်မယ်။
Title ကတော့ ခေါင်းစဉ်ကိုပြောတာပါ။ Web Browser ရဲ့ အပေါ်ဖက်မှာ မြင်တွေ့နေရမည့် စာသားကို ဒီ <title> </title> ကနေပြီး ရည်ညွှန်းပေးလိုက်တာ ဖြစ်ပါတယ်။ အခု <title>My first Website</title> ဆိုပြီး ရေးသားထားသည့်အတွက် Browser အပေါ်မှာ My first Website ဆိုပြီးပေါ်နေတာ ဖြစ်ပါတယ်။
<body> </body> ကတော့ Web Page တစ်ခုရဲ့ Body Section ကိုပြောတာပါ။ ဒီ <body></body> နှစ်ခု အကြားမှာ သင်ရေးသားဖော်ပြလိုသည့် စာသားများကို ထည့်သွင်းဖော်ပြရမှာ ဖြစ်ပါတယ်။
<p></p> ကတော့ Paragraph လို့ပြောတာပါ။ စာသားတွေကို ရေးသားရာမှာ ပုံမှန်အားဖြင့် စာပိုဒ်တွေခွဲပြီး ရေးသားလေ့ရှိပါတယ်။ ဒီသဘောတရားကို Browser က နားလည်စေရန်အတွက် <p></p> ဆိုပြီး ခံပြီးရေးသား ခြင်းဖြစ်ပါတယ်။
နောက်ထပ်ဥပမာ အနေဖြင့် သင့်အနေဖြင့် Body ထဲမှာ Paragraph နှစ်ခုရှိမယ်ဆိုရင် ပထမ Paragraph ကို <p></p> အတွင်းရေးပြီးနောက် ဒုတိယ paragraph ကို <p></p> ဆိုပြီးနောက်ထပ် Element ထပ်မံထည့်သွင်းပြီး Paragraph ထပ်မံထည့်သွင်းလို့ရပါတယ်။ ဒီတော့ သင်ရေးသားလိုတဲ့ Web Page တစ်ခုမှာ Paragraph ဘယ်နှစ်ခု ပါဝင်သလဲ အဲဒီပေါ်မှာ မူတည်ပြီးတော့ ဒီ Element ကို အသုံးပြုရမှာ ဖြစ်ပါတယ်။