5. HTML ကို လေ့လာခြင်း
HTML ရဲ့ အခြေခံ Element တွေ ဖြစ်တဲ့
<html>
<head>
<title></title>
</head>
<body>
</body>
</html>
တွေကို နားလည်သဘောပေါက်သွားပြီဆိုတော့ အခုဆက်လက်ပြီး HTML နဲ့ပတ်သက်တဲ့ Knowledge များကို ဆက်လက်လေ့လာရာ ဖြစ်ပါတယ်။ HTML နှင့် Web Page တစ်ခုကို ရေးသားရာတွင် <title> </title> ဟာ အလွန်အရေးကြီးတဲ့ command တစ်ခုဖြစ်ပါတယ်။
အဓိကကတော့ Search Engine တွေဖြစ်ကြသည့် Google , Yahoo , Bing တို့မှ သင့် Website ကို index ပြုလုပ်ရန်အတွက် ဒီ <title></title> နှစ်ခုအတွင်းမှာ ရေးသားဖော်ပြသည့် စကားလုံးပေါ် မူတည်ပါတယ်။ ဥပမာအားဖြင့် သင်ဟာ <title> </title> အတွင်း Lesson 5: What have you learned so far? ဆိုတာကို ရေးသားထားတယ်ဆိုပါစို့။
ဒါဆိုရင် Search Engine မှ ၎င်း စကားလုံးပါဝင်သော Search များကို ရည်ညွှန်းရာမှာ သင့် Website ကို ဖော်ပြမှာ ဖြစ်ပါတယ်။ အလွယ်ဆုံး မှတ်သားထားရမှာကတော့ <title> </title> ကြားမှာရေးတဲ့ စကားလုံးဟာ Search Engine နှင့် Link လုပ်ရန် ဖြစ်ပါတယ်။ အောက်ဖော်ပြပါပုံတွင် ကြည့်ပါ
Fig (1)
အခု Body Section ကို ထပ်မံ တိုးချဲ့ပြီး လေ့လာကြည့်ပါမယ်။ Body Section နှင့်ပတ်သက်ပြီး အရေးအကြီးဆုံး Element များဖြစ်သည့် အောက်ပါ Element များကိုတော့ အလွတ်ရနေရန် လိုအပ်ပါတယ်။
<html>
<head>
<title>My website</title>
</head>
<body>
<h1>A Heading</h1>
<p>text, text text, text</p>
<h2>Subhead</h2>
<p>text, text text, text</p>
</body>
</html>
ဒီ HTML Document မှာ အသစ်ပါဝင်လာတာဆိုလို့ <h1> </h1> နှင့် <h2> </h2> နှစ်မျိုးတည်းသာ သင့်အတွက် အသစ်ပါဝင်လာပါတယ်။ ဒီ <h1> <h2> တို့ဆိုတာဟာ တကယ်တော့ Heading Font Size ကို ရည်ညွှန်းတာဖြစ်ပါတယ်။ Heading တွေကို ပြောရရင်တော့ <h1> မှ <h6> အထိ ရှိပါတယ်။ <h1> ကတော့ အကြီးဆုံး ဖြစ်ပြီး <h6> ကတော့ အသေးဆုံး ဖြစ်ပါတယ်။
ဒီတော့ သင်ရေးသားတဲ့ HTML Document တစ်ခုအတွင်းမှာ ခေါင်းစဉ်များရေးထိုးရာမှာ <h1> ဒါမှ မဟုတ် <h2> ကို အသုံးပြုနိုင်ပါတယ်။ Sub Title ဆိုလျှင်တော့ အခြားသော <h3> <h4> စသည်ဖြင့် နှစ်သက်သလို အသုံးပြုနိုင်ပါတယ်။ <p> ကတော့အရင် ဖော်ပြထားတဲ့ သင်ခန်းစာမှာ ရှင်းပြပြီးသွားပါပြီ။ ဒီသင်ခန်းစာရဲ့ Main Point ကတော့ HTML Element တွေနဲ့ ပိုမိုယဉ်ပါးလာအောင်နှင့် Heading Tag တွေကို သဘောပေါက်ရန် ဖြစ်ပါတယ်။
Fig (2)