5.12 Guide to Master Microsoft Word

Written by S.N.O Published in 12 May 2014

5. Track Changes Feature ကို လေ့လာခြင်း

      အခုဆက်လက်ပြီး လေ့လာရမှာကတော့ Track Change ဆိုတဲ့ MS Word ရဲ့ Feature တစ်ခု ဖြစ်ပါတယ်။ Track Change ကတော့ သင်ပြုလုပ်ဖန်တီးထားတဲ့ Document ကို Protect လုပ်ထားတဲ့သဘောတရား ဖြစ်ပါတယ်။

Track Change ပြုလုပ်ထားတဲ့ စာသားတွေဟာ သာမန် delete လုပ်ယုံမျှဖြင့် မပျက်ဆီးနိုင်ပါဘူး။ Track Change Feature ကိုပြန်ပြီး Turn off ပြုလုပ်မှသာလျှင် ၎င်းစာသားတွေကို ဖျက်လို့ရမှာ ဖြစ်ပါတယ်။

Track Change ပြုလုပ်ရန်အတွက် MS Word တွင် နှစ်သက်ရာ စာသားမျာကို ရိုက်လိုက်ပါ။ ပြီးနောက် Review Tag ကို နှိပ်လိုက်ပါမယ်။ ထိုမှတစ်ဆင့် Track Changes ကို နှိပ်လိုက်ပါမယ်။ ဒါဆိုရင် သင်ရေးထားတဲ့ စာသားတွေကို Track Change အနေဖြင့် ပြောင်းလဲပေးလိုက်မှာ ဖြစ်ပါတယ်။

 

Fig (1)

Track Change ပြုလုပ်လိုက်ပြီးနောက် သင်ရေးသားထားတဲ့ စာသားတွေဟာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတာကို တွေ့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၎င်းစာသားတွေကို Delete လုပ်ကြည့်ပါ။ ဒါဆိုရင် Track Changes ပြုလုပ်ထားတဲ့အတွက်ကြောင့် ၎င်းစာသားတွေဟာ မပျက်ပဲ အနီရောင်စာသားအနေဖြင့် မြင်တွေ့နေရမှာ ဖြစ်ပါတယ်။

အဲဒီလို အနီရောင်စာသားတွေကို အပြီးအပိုင်ဖျက်ချင်တယ်ဆိုရင်တော့ Track Change ကို နောက်တစ်ကြိမ် ပြန်နှိပ်ပြီး Turn off Track Changes ပြုလုပ်မှသာလျှင် ဖျက်လို့ရမှာ ဖြစ်ပါတယ်။

 

Fig (2)

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.