6. HTML ကို လေ့လာခြင်း

Written by S.N.O Published in 03 Jun 2014

HTML Elements
     HTML Document တွေကို ရှေ့ကပြောခဲ့တဲ့အတိုင်းပဲ HTML Elements တွေနဲ့ ပြုလုပ်ဖန်တီးထားပါတယ်။ အခု HTML Elements တွေနဲ့ပတ်သက်တာတွေကို ထပ်မံ လေ့လာပါမယ်။ <html> ကို Opening Tag လို့ခေါ်ပြီး </html> ကိုတော့ Closing Tag လို့ခေါ်ပါတယ်။

အဓိကအချက်ကတော့ Web page တွေကို ရေးသားတဲ့အခါမှာ HTML Element တွေ များစွာ အသုံးပြုရသလို အခြား CSS , JavaScript , PHP , စတဲ့ Programming Language တွေကိုလည်း ပေါင်းစပ်အသုံးရပါတယ်။

 

Fig (1)

 


<p> </p> ကတော့ အရင်ပြောခဲ့တဲ့အတိုင်း စာပိုဒ်တွေကို ရေးသားလိုတဲ့အခါမှာ အသုံးပြုတဲ့ Tag ဖြစ်ပါတယ်။

ဒီမှာ ထူးခြားတာကတော့ <a herf=''default.htm''> </a> ဆိုတာပါပဲ။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ ရေးသားထားတဲ့ Webpage ကို အခြားသော Webpage တစ်ခုနှင့် ထပ်မံချိတ်ဆက် အသုံးပြုတာကို ပြောတာပါ။

<br> ကတော့ စာသားများကို အောက်တစ်ကြောင်း ဆင်းလိုတဲ့အခါမှာ အသုံးပြုတဲ့ Element တစ်ခု ဖြစ်ပါတယ်။

အောက်ဖော်ပြပါ နမူနာလေးကို အစမ်းရေးသားကြည့်ပါ ။

<!DOCTYPE html>
<html>
<title> My Title </title>
<head> My HTML</head>
<body>
<p>This is my first paragraph.</p>
<a href="http://www.google.com">This is My First link</a>
</body>
</html>

အခု ဒီ နမူနာလေးကို ပြန်လည်ရှင်းပြပါမယ်။ အပေါ်ဖက်ဆုံးမှာ တွေ့နေရတဲ့ <!DOCTYPE html> ဆိုတာကတော့ ဒီ Document ဟာ HTML Document တစ်ခုဖြစ်ကြောင်း ကြေညာလိုက်တာပါ။ ပြီးတော့ My Title ကတော့ Browser Bar မှာ ဖော်ပြတဲ့ နာမည် ဖြစ်ပါတယ်။ ဒါတွေကတော့ အရင် Tutorial တွေမှာ ရေးသားဖော်ပြပြီးသွားပြီဆိုတော့ ဒါကိုနားလည်ပြီးသား ဖြစ်မှာပါ။

နောက်တစ်ခုကတော့ အခြား Web page တစ်ခုနှင့် Link ချိတ်တာ ဖြစ်ပါတယ်။ သင့်ရဲ့ Web Page ကနေပြီးတော့ အခြားသော နောက်ထပ် Web Page တစ်ခုနှင့် Link ချိတ်ချင်တယ်ဆိုရင်တော့

<a href="http://www.google.com">This is My First link</a> 

ဒီ အတိုင်း ရေးသားရမှာ ဖြစ်ပါတယ်။

<a href=''http://www.example.com''> Link </a> ဆိုပါစို့ သင်ဖော်ပြလိုတဲ့ စာသားကတော့ Link ဆိုတဲ့ စာသား ဖြစ်ပါတယ်။ အဲဒီ Link ကိုနှိပ်လိုက်တဲ့အခါမှာ သင်ထည့်သွင်းထားတဲ့ http://ww.example.com ဆိုတာ ပေါ်လာပါလိမ့်မယ်။ အပေါ်က သင်ခန်းစာမှာကတော့ Google နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.