7. 12 Guide to Master Microsoft Word

Written by S.N.O Published in 16 May 2014

7. Document ကို Protect ပြုလုပ်ထားခြင်း

      MS Word နဲ့ သင်ပြုလုပ်ဖန်တီးထားတဲ့ စာတွေ ၊ ပုံတွေ ၊ Document တွေကို အခြားသူများ ၀င်ရောက်ပြင်ဆင်လို့မရအောင် Protect ပြုလုပ်ထားလို့ ရပါတယ်။ အဲဒီလို Protect ပြုလုပ်ရာမှာ Password ပေးပြီး Document ကို အခြားသူများ ၀င်ရောက် မပြင်ဆင်နိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အရေးကြီးဆုံးအချက်ကတော့ ကိုယ်အသုံးပြုထားတဲ့ Password ကို ကိုယ်ကိုယ်တိုင် မှတ်မိနေဖို့ လိုပါတယ်။ ဒါမှသာ နောက်တစ်ကြိမ် ၎င်း Document အတွင်းရှိ စာတွေ ပုံတွေကို ပြင်ဆင်ချင်တဲ့အခါမှာ အလွယ်တကူ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို Protect ပြုလုပ်ထားရတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်ဖန်တီး ပြုလုပ်ထားတဲ့ document တွေကို မူရင်းအတိုင်း မပျက်ဆီးအောင် ဆောင်ရွက်ထားရန် ဖြစ်ပါတယ်။

အခု Document တစ်ခုကို Password နဲ့ Protect ပြုလုပ်ရန်အတွက် MS Word နဲ့ ပြုလုပ်ဖန်တီးထားတဲ့ document တစ်ခုခုကို ဖွင့်လိုက်ပါ။ ပြီးနောက် Review Menu မှတဆင့် Protect Document ကို နှိပ်လိုက်ပါ။

 

Fig (1)

 

Fig (2)

ထို့နောက် Restrict Formatting and Editing ကို နှိပ်လိုက်ပါ။  Allow only this type of editing in the document: ဆိုတဲ့ နေရာဘေးမှာ အမှန်ခြစ်လေး ထည့်သွင်းထားလိုက်ပါ။
 

 

Fig (3)

အားလုံးပြီးသွားပြီဆိုရင်တော့ Yes , Start Enforcing Protection ဆိုတာကို နှိပ်လိုက်ပါမယ်။

 

Fig (4)

အခုဆိုရင် Password ကို တောင်းခံပါလိမ့်မယ်။ တူညီတဲ့ Password တစ်ခုတည်းကိုပဲ နှိမ်ကြိမ် ထည့်သွင်းပေးလိုက်ပါ။ ပြီးနောက် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ၎င်း Document ဟာ Protect ပြုလုပ်လို့ ပြီးသွားပါပြီ။ အဲဒီလို Protect ပြုလုပ်ထားတဲ့ Document ကို ပြန်ဖွင့်ကြည့်ပါ။

အဲဒီမှာ ပုံတွေ စာတွေကို ဖျက်ကြည့်ပါ။ ဖျက်ပစ်လို့မရ၊ ပြုပြင်ပြောင်းလဲလို့မရ ဖြစ်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ၎င်း Document အတွင်းရှိ ပုံတွေ စာတွေကို Edit ပြုလုပ်ရန်အတွက် နောက်တစ်ကြိမ် Stop Protection ကို နှိပ်လိုက်ပါ။

 

Fig (5)

Stop Protection ပြုလုပ်ရန်အတွက် Password ပြန်လည်တောင်းခံပါလိမ့်မယ်။ အဲဒီ Password ကို မှန်ကန်စွာ ရိုက်ထည့်ပေးနိုင်မှသာလျှင် ၎င်း Document ကို Edit ပြန်လည် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.