7. HTML Element များကို လေ့လာခြင်း
အခုဆက်လက်ပြီး လေ့လာရမှာကတော့ HTML ကို အသုံးပြုပြီး Web page များ ရေးသားရန်အတွက် HTML Element များကို ဆက်လက်လေ့လာရပါမယ်။
Line Break
သူ့ရဲ့ သဘောတရားကတော့ အောက်တစ်ကြောင်းဆင်းလိုတဲ့အခါမျိုးမှာ အသုံးပြုပါတယ်။ HTML Tag တွေနဲ့ စာပိုဒ်တွေကို ရေးသားရာမှာ အောက်တစ်လိုင်းဆင်းလိုတဲ့အခါမျိုးမှာ <br> ကို ထည့်ရေးရမှာ ဖြစ်ပါတယ်။
ဒါဆိုရင် web page ပေါ်မှာ ဖော်ပြတဲ့စာသားဟာ <br> နောက်မှစ၍ အောက်တစ်လိုင်း ဆင်းသွားမှာ ဖြစ်ပါတယ်။
ဥပမာ
<html>
<head>
<title>Sample Title</title>
</head>
<body> First Line<br/>Second Line<br>Third Line
</body>
</html>
ကဲ အဲဒါလေးကို web browser နဲ့ ပြန်ဖွင့်ကြည့်တဲ့အခါမှာ အခုလို မြင်ရပါလိမ့်မယ်။
Line Break ကို ရေးသားရာမှာ <br> လို့သာ ရေးသားမှု များပါတယ်။ သူ့မှာ Close Tag မပါဝင်ပါဘူး။ တစ်ခါရေးရုံဖြင့် လုံလောက်ပါတယ်။ <br/>လို့ရေးလည်းရပါတယ်။ ကြိုက်သလို ရေးသားပါ။ အဓိကက အောက်တစ်လိုင်းဆင်းသွားဖို့ပဲ ဖြစ်ပါတယ်။