8. HTML Element များကို လေ့လာခြင်း
HTML tag များကို အသုံးပြုပြီး Web page များကို ရေးသားရာမှာ အရေးအကြီးဆုံးနဲ့ အသုံးအ၀င်ဆုံး နောက်ထပ် Element များကို ဆက်လက်လေ့လာပါမယ်။
Bold
Bold ကတော့ အားလုံးသိပြီးသား ဖြစ်ပါတယ်။ သူ့ရဲ့သဘောကတော့ စာလုံးများကို ထင်ရှားလိုတဲ့အခါမှာ အသုံးပြုပါတယ်။ <b></b> tag နှစ်ခုအကြားမှာ သင်Bold လုပ်ချင်သော စာသားကို ထည့်သွင်းရေးသားရမှာ ဖြစ်ပါတယ်။
<b> Bold Sample</b>
ဒါဆိုရင် Web Page ပေါ်မှာ Bold Sample ဆိုပြီး စာလုံးထင်းထင်းနဲ့ ပေါ်လာမှာ ဖြစ်ပါတယ်။ Bold Tag ကိုအသုံးပြုရာမှာ </b> ကို မမေ့ခဲ့ရန် လိုအပ်ပါတယ်။ တကယ်လို့ </b> ကိုသာမေ့ကျန်ခဲ့မယ်ဆိုရင် <b> နောက်က စာသားတွေ အားလုံး Bold ဖြစ်နေမှာ ဖြစ်ပါတယ်။
Italic
Italic ကတော့ စာလုံးအစောင်း ပုံစံဖြစ်ပါတယ်။ <i> </i> ဖြင့်ရေးသားပါတယ်။
<i> Italic Sample</i>
ဒါဆိုရင် Web page ပေါ်မှာ Italic Sample ဆိုပြီး စာလုံးအစောင်းနဲ့ရေးသား ဖော်ပြထားတာကို မြင်တွေ့ရပါလိမ့်မယ်။
Underline
Underline ကတော့ ခေါင်းစဉ်တွေကို မျဉ်းသားတဲ့အခါမှာ အသုံးပြုပါတယ်။ <u> </u> ဆိုပြီး ရေးသားပါတယ်။
<u> Underline Sample </u>
ဒါဆိုရင် Underline Sample ဆိုတဲ့စာသားကို မျဉ်းသားပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Paragraph
စာပိုဒ်ပုံစံအနေဖြင့် ရေးသားလိုတဲ့အခါမှာ <p> </p> ကိုအသုံးပြုပြီး ရေးသားပါတယ်။
Horizonal Line
သူ့ရဲ့သဘောကတော့ horizonal မျဉ်းသားချင်တဲ့ အခါမှာ သုံးပါတယ်။ မျဉ်းတစ်လိုင်းထည့်ချင်ရင် <hr> လို့ရေးပြီး ထည့်လိုက်ယုံပါပဲ။ Close Tag တွေဘာတွေ ထည့်စရာမလိုပါဘူး ။
အခု အပေါ်မှာ ရေးသားဖော်ပြထားတဲ့ Element တွေကို အသုံးပြုပြီးတော့ နမူနာ Web page လေး တစ်ခုလောက် ရေးကြည့်ပါမယ်။ အောက်က ဖော်ပြထားတဲ့ ပုံစံအတိုင်း ကူးရေးပြီး test.html ဆိုပြီးသိမ်းလိုက်ပါ။
<html>
<head>
<title>Sample Title</title>
</head>
<body> <u><h1> IT4MF</h1></u> <br/>
<p> This is my first paragraph to testing of HTML Language. It is so east and have fun!. </p>
<b> This is my Bold Sample</b> <br>
<i> This is my Italic Sample </i> <br><br><hr>
<u><b><i> This is Combination tag </i></b></u>
</body>
</html>
Browser မှာဖွင့်ကြည့်တဲ့အခါမှာ အခုလိုပုံစံဖြင့် မြင်တွေ့ရမှာဖြစ်ပါတယ်။