8.12 Guide to Master Microsoft Word
8. Compare Document
Compare Document ကတော့ Document နှစ်ခုကို နှိုင်းယှဉ်တဲ့အခါမျိုးမှာ အသုံးပြုပါတယ်။ အသုံးပြုမှု အလွန်နည်းတဲ့ Function တစ်ခုဖြစ်ပေမယ့် ဗဟုသုတ အနေနဲ့တော့ သိထားသင့်ပါတယ်။ တစ်ခါတစ်လေမှာ Document နှစ်ခုအတွင်းမှာ ပါဝင်တဲ့ စာသားတွေ၊ ပုံတွေ စသဖြင့် File နှစ်ခုကို အပြိုင်ဖွင့်ပြီး နှိုင်းယှဉ်ကြည့်ချင်တယ်ဆိုရင်တော့ ဒီ Feature ကို အသုံးပြုနိုင်ပါတယ်။
အခု ကွန်ပျူတာအတွင်းမှာရှိတဲ့ Document File နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါမယ်။ ဘယ်လိုအကြောင်းအရာတွေဟာ တူညီသလဲ၊ ဘယ်ဟာတွေ ကွဲပြားသလဲဆိုတာကို လေ့လာရန် ဖြစ်ပါတယ်။ အရင်ဦးဆုံး Review Menu ကို ရွေးချယ်လိုက်ပါ။ ပြီးနောက် Compare ကို ရွေးချယ်လိုက်ပါ။
Fig (1)
ပြီးနောက် Document File နှစ်ခုကို နှိုင်းယှဉ်ရန်အတွက် Compare Documents Box ကျလာပါလိမ့်မယ်။ Original Document မှာ Word File တစ် file ကိုရွေးချယ်ပေးလိုက်ပါ။ ပြီးတော့ သူနှင့်နှိုင်းယှဉ်လိုတဲ့ နောက်ထပ် Document File တစ်ခုကို Revised Document မှတစ်ဆင့် ထပ်မံရွေးချယ်ပေးလိုက်ပါ။ အားလုံးပြီးသွားရင်တော့ OK ကို နှိပ်လိုက်ပါ။
Fig (2)
ဒါဆိုရင်တော့ သင်နှိုင်းယှဉ်လိုတဲ့ Document File နှစ် File စလုံးကို Word အတွင်းမှာ အခုလို ယှဉ်တွဲဖော်ပြပေးမှာ ဖြစ်ပါတယ်။ Document တစ်ခုနှင့် တစ်ခုကို ယှဉ်တွဲလေ့လာနိုင်ပြီ ဖြစ်ပါတယ်။
Fig (3)