9. HTML ကို လေ့လာခြင်း

Written by S.N.O Published in 09 Jun 2014

    HTML ရဲ့ နောက်ထပ်အရေးပါတဲ့ Text Section ကို ထပ်မံတိုးချဲ့ပြီး လေ့လာကြည့်ပါမယ်။ စာပိုဒ်တွေကို ရေးသားရာမှာ <p></p>  ဆိုတဲ့ tag နှစ်ခု အကြားမှာ ဖော်ပြလိုတဲ့စာသားကို ရေးသားပါတယ်။ အခု အဲဒီစာသားများနဲ့ပတ်သက်ပြီး Font Size , Font Type စတဲ့ အရာတွေကို အလိုရှိသလို ပြင်ဆင်အသုံးပြုကြည့်ကြရအောင်။

<p> </p> Paragraph

<p align=?>
 ဒါကတော့ စာပိုဒ်တစ်ခုကို ရေးသားရာမှာ ဘယ်အညီ၊ ညာအညီ၊ အလယ်အညီ အစရှိတဲ့ Alignment ကိုချိန်ညှိလိုတဲ့အခါမျိုးမှာ အသုံးပြုရမှာဖြစ်ပါတယ်။ ဥပမာ စာပိုဒ်ကို အလည်မှာရှိစေချင်တယ်ဆိုရင်တော့ <p align=''center''>ဆိုပြီးရေးသား ဖော်ပြရမှာ ဖြစ်ပါတယ်။

<strong></strong>
သူကလည်း Emphasizes လုပ်လိုတဲ့အခါမှာ အသုံးပြုပါတယ်။ တနည်းအားဖြင့် Bold နဲ့ဆင်တူပါတယ်။

<em></em>
သူကလည်း Italic နဲ့ဆင်တူပါတယ်။ စာသားတွေကို တဇောင်းဖော်ပြလိုတဲ့အခါမှာ အသုံးပြုပါတယ်။
<font size=?></font>

ဒါကတော့ Font အရွယ်အစားကို ပြင်ဆင် အသုံးပြုလိုတဲ့အခါမှာ အသုံးပြုပါတယ်။ Font အရွယ်အစားများကို စိတ်ကြိုက်ပြင်ဆင်ရာတွင် သာမန် Document များမှာ ပြင်ဆင်ပုံနှင့်မတူပဲ Web မှာ တော်တော်လေး ကွာခြားပါတယ်။ Font Size အသေးဆုံးအနေဖြင့် 1 မှစတင်၍ Font Size အကြီးဆုံး 7 အထိ အသုံးပြုနိုင်ပါတယ်။

<font color=?></font> ဒါကတော့ Font အရောင်ကို ပြင်ဆင်လိုတဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အသုံးပြုနေကျ ၊ Black , White , Orange , Red ဆိုတဲ့ စာသားမျိုးတွေနဲ့ ရေးသားလို့မရပါဘူး။ Font အရောင်တစ်မျိုးစီ၏ Hex Code များကို ထည့်သွင်းပေးရပါတယ်။

ဥပမာအားဖြင့် အနီရောင်အနေဖြင့် ဖော်ပြလိုတယ်ဆိုရင် #FF0000 ဆိုပြီး ရေးသားပေးရပါတယ်။ Red ဆိုပြီး ရေးပြလို့တော့မရပါဘူး။ ဒီတော့ သင့်အနေဖြင့် အခြားသော အရောင်တွေကို အသုံးပြုချင်တယ် ဆိုရင် Hex Code များကို သိဖို့လိုလာပါတယ်။

Hex Code များကို သိရှိရန်အတွက် Adobo Photoshop ကဲ့သို့သော Software တစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ Adobe Photoshop ထဲရှိ Color Dialog Box တွင် Hex Code များကို စိတ်ကြိုက်လေ့လာ နိုင်ပါတယ်။ အဲဒီ Hex Cord တွေရဲ့ ရှေ့မှာ # Sign လေးကို ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။

<font face=?></font>
သူကတော့ Font အမျိုးအစားကို ပြောတာပါ။ ဥပမာအားဖြင့် Time New Roman သုံးမှာလား၊ Arial သုံးမှာလား အစရှိသဖြင့် Web Page တစ်ခုကို ဖန်တီးရာမှာ သင့်စိတ်ကြိုက် Font အမျိုးအစားများကို အသုံးပြုနိုင်ပါတယ်။

ဥပမာ <font face=''Arial''></font> ဆိုပါစို့။ ဒါဆိုရင် Web Page မှာ ရေးသားထားတဲ့ စာသားတွေကို Arial Font ကိုအသုံးပြုပြီး ဖော်ပြမယ်လို့ဆိုလိုတာပါ။ အခု ဒီအပေါ်က HTML tag တွေကိုအသုံးပြုပြီး နမူနာ Web page လေးတစ်ခုကို ရေးကြည့်ပါမယ်။  Notepad တွင် အောက်ဖော်ပြပါ HTML tag များကို ကူးယူရေးသားပါ။

<html>
<title>Sample</title>
<body>
<em> <strong><font color="#00FF00" size="7" face="Zawgyi-One">Hello HTML ကိုလေ့လာခြင်း  </font></strong></em>
</body>
</html>

အပေါ်က နမူနာမှာ <em><strong> နှစ်ခု တွဲအသုံးပြုထားတဲ့အတွက်ကြောင့် စာသားဟာ ထင်လည်းထင်ရှားမယ် စောင်းလည်းစောင်းနေမယ်လို့ ဆိုလိုတာပါ။ နောက်ထပ်တစ်ချက်ကတော့ Font Color ကို အစိမ်းရောင်အသုံးပြုထားပါတယ်။ Font အမျိုးအစားကိုတော့ Zawgyi-One ကိုအသုံးပြုထားပါတယ်။

ဒီလို Zawgyi-One ကိုအသုံးပြုထားတဲ့အတွက် ကြောင့် သိမ်းဆည်းရာမှာ သာမန် test.html ဆိုပြီး သိမ်းဆည်းရုံတင်မကပဲ Encoding: နေရာမှာ Unicode ကိုပါ ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ ဒါမှသာ သင့်ရဲ့ Web page မှာ Zawgyi-One ဟာ အဆင်ပြေပြေ အသုံးပြုနိုင်မှာဖြစ်ပြီး မြန်မာစာ များကိုပါ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အောက်က ပုံမှာကြည့်ပါ။ Zawgyi-One ကိုအသုံးပြုတဲ့အခါမှာ Format ကိုပြင်ဆင်ပုံ ဖြစ်ပါတယ်။

 

Fig (1)

 

ကဲအားလုံးပြီးသွားရင်တော့ သင်ရေးသားထားတဲ့ Web page လေးကို ဖွင့်ကြည့်တဲ့အခါမှာ Browser မှာ ယခုလို မြင်တွေ့ရပါလိမ့်မယ်။

 

Fig (2)

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.