Add or Remove Program ကို Disble ပြုလုပ်ထားခြင်း

Written by S.N.O Published in 16 Oct 2014

        ယခုဆောင်းပါးလေးကတော့ Control Panel အောက်မှာပါဝင်တဲ့ Add or Remove Programs ကို Disable ပြုလုပ်ထားတဲ့ သင်ခန်းစာလေးတစ်ခု ဖြစ်ပါတယ်။

        ဒီလို Program များကို Add , Remove ကို Disable ပြုလုပ်ထားခြင်း အားဖြင့် ကွန်ပျူတာအတွင်း အခြား Program များကို အခြား User များမှ Install မပြုလုပ်နိုင်တော့ပါဘူး။

        ထို့ပြင် လက်ရှိ ကွန်ပျူတာအတွင်း ထည့်သွင်းထားသော Program များကိုလည်း Uninstall ပြုလုပ်လို့မရတော့ပါဘူး။ Add and Remove Program ကို Disable ပြုလုပ်ရန်အတွက် Registry ထဲမှာ ၀င်ရောက် ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဒီတော့ အရင်ဦးဆုံး Run မှ regedit လို့ ရိုက်ထည့်လိုက်ပါမယ်။

 

 

        ပြီးနောက် HKEY-CURRENT USER > SOFTWARE > MICROSOFT > WINDOWS> Current Version > Policies သို့ အဆင့်ဆင့်ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Policies အောက်မှာ Regedit Key တစ်ခုကို တည်ဆောက်လိုက်ပါ။ ၎င်း တည်ဆောက်လိုက်တဲ့ Key ကို Uninstall လို့ အမည်ပေးလိုက်ပါ။

 

 

        ထို့နောက် ၎င်း Uninstall ဆိုတဲ့ Key နေရာမှာ Right click နှိပ်ပြီး New မှ တဆင့် DWORD Value ကို ရွေးလိုက်ပါ။ Name ကိုတော့ NoADdRemovePrograms လို့ အမည်ပေးလိုက်ပါ။ Value Data ကိုတော့ 1 သတ်မှတ်လိုက်ပါ။

အားလုံးပြီးသွားရင်တော့ Registry Editor မှ ထွက်နိုင်ပါပြီး ကွန်ပျူတာကို Restart ချပေးလိုက်ပါ။ နောက်တစ်ကြိမ် Windows ပြန်တက်လာပါက သင့်ကွန်ပျူတာအတွင်းရှိ Program များဟာ Add or Remove ပြုလုပ်လို့မရတော့တာကို တွေ့ရပါလိမ့်မယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.