Adding and Deleting Font

Written by S.N.O Published in 23 Aug 2014

        ယခုဖော်ပြပေးမည့် သင်ခန်းစာကတော့ သင်ကွန်ပျူတာအတွင်း ထည့်သွင်းထားသော Font များကို ထပ်မံထည့်သွင်းခြင်း ၊ နဂိုရှိနေသော Font များကို Delete ပြုလုပ်ခြင်း တို့ကို နားလည်စေရန် သင်ကြားပေးမည့်  သင်ခန်းစာဖြစ်ပါတယ်။

Font ဆိုတာဟာ Family Character များလို့ တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ အလွယ်ပြောရရင် တော့ စာလုံးပုံစံများကို Font လို့ခေါ်ဆိုပါတယ်။

                ကွန်ပျူတာအတွင်း Microsoft Word, Excel, Pagemaker , Photo Shop တို့နှင့် စာစီစာရိုက်ပြုလုပ်ရာမှာ လိုအပ်တဲ့ Font များကို ၎င်း Control Panel အတွင်းရှိ Font ဆိုသည့် Folder အတွင်း ထည့်သွင်းထားရပါမယ်။ ဒါမှသာ အလိုရှိသော Font များကို Software Program များအတွင်းမှ ခေါ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

        Font တွေ ကို ဘာလို့ အများအပြား ထည့်သွင်းအသုံးပြုရသလဲဆိုရင် Font တစ်ခုချင်းစီအလိုက် ၊ Typeface လို့ခေါ်တဲ့ စာလုံးပုံစံ ၊ Size လို့ခေါ်တဲ့ အရွယ်အစား ၊ Style လို့ခေါ်တဲ့ Font တစ်ခုချင်းစီရဲ့ ပုံစံ မတူညီလို့ ဖြစ်ပါတယ်။

        ဒီတော့ သင်ဟာ DTP လုပ်ငန်းစဉ်တစ်ခုအတွက် အသုံးပြုရန် Font မျိုးစုံ ကွန်ပျူတာအတွင်း ထည့်သွင်းထားရန် လိုအပ်ပါတယ်။

                အချို့သော Font များမှာဆိုလျှင် Adobe Family CS Version များတွင် အဆင်ပြေပြေအသုံးမပြုနိုင်ခြင်း ၊ Bold , Italic စတဲ့ Font Style များ ပြောင်းလဲအသုံးပြုလို့ မရခြင်း စတဲ့အားနည်းချက်များ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် Font စာလုံးပုံစံများစွာကို ပြောင်းလဲအသုံးပြုရခြင်း ဖြစ်ပါတယ်။

                Font များကို Install ပြုလုပ်ရန်အတွက် Start ထဲမှ တဆင့် Control Panel ထဲသို့ ၀င်လိုက်ပါ။ ပြီးနောက် Appearance and Personalization > Fonts ထဲသို့ အဆင့်ဆင့် ၀င်ရောက်လိုက်ပါ။

 

 

ကွန်ပျူတာအတွင်းရှိ Install ပြုလုပ်ချင်သော Font များကို Control + C ကို နှိပ်ပြီး Copy ကူးယူထားလိုက်ပါ။ ပြီးနောက် Font ထဲတွင် Paste ချလိုက်ပါ။ ဒါဆိုရင် ၎င်း Font ကို ကွန်ပျူတာအတွင်း Install ပြုလုပ်ပြီးသွားပြီ ဖြစ်ပါတယ်။

၎င်း Font Folder အတွင်းရှိ မလိုချင်သော Font များကိုတော့ သင့်စိတ်ကြိုက်ရွေးချယ်ပြီး Delete ပြုလုပ်နိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.