Adding Graphic & Picture (1)
ယခု Content အကွက်အတွင်း အခြားသော Graphic , Picture များကို ထည့်သွင်းအသုံးပြုပုံကို ဆက်လက်လေ့လာကြည့် ပါမယ်။ ဒီအတွက် Slide ပေါ်တွင် Click နှိပ်၍ Layout ထဲမှာ Title and Content ပါဝင်သော Slide အမျိုးအစားကို ရွေးချယ်ပေးလိုက်ပါ။
Fig (22)
ဒါဆိုရင် Title တစ်ခုရယ် Content တစ်ခုရယ် ပါဝင်တဲ့ Slide တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ Title မှာတော့ သင်ပေးချင်တဲ့ အမည်တစ်ခုကို ထည့်သွင်းလိုက်ပါ။ Content မှာ Insert a SmartArt Graphic ကို ရွေးချယ်ပေးလိုက်ပါမယ်။
Fig (23)
SmartArt Graphic များဟာ Presentation တစ်ခုပြုလုပ်ရာမှာ အမှန်တကယ် အသုံးဝင်တဲ့ အရာများ ဖြစ်ပါတယ်။ SmartArt များကို ဘယ်ဖက်တွင် အမျိုးအစားများ ခွဲခြားသတ်မှတ်ထားပါတယ်။ အခုလောလောဆယ်တော့ All ကို ရွေးချယ်ထားပါတယ်။ ပြီးနောက် တတိယမြောက် SmartArt ကို ရွေးချယ်ပေးလိုက်ပါတယ်။
Fig (24)
OK ကို နှိပ်လိုက်ပါမယ်။ ဒါဆိုရင် Contenet အကွက်အတွင်း SmartArt အကွက်လေး လေးခု ရရှိလာမှာ ဖြစ်ပါတယ်။ ဒီအကွက်လေး တစ်ခုချင်းစီကို Photo 1 , Photo 2 အစရှိသဖြင့် နာမည်များ ပြောင်းလဲပေးလိုက်ပါမယ်။
Fig (25)
ဘယ်ဖက်ရှိ အကွက်ပေါ်တွင် Right Click နှိပ်ပါမယ်။ ပြီးနောက် Syle ကို ရွေးချယ်လိုက်ပါ။ ထိုမှတဆင့် တတိယမြောက်ဖြစ်တဲ့ Subtle Effect ဆိုသည့် အကွက်လေး ကို နှိပ်လိုက်ပါမယ်။
Fig (26)
ယခုဆိုရင်တော့ Content အတွင်းရှိ SmartArt အကွက်လေးများဟာ သင်ရွေးချယ်လိုက်တဲ့ Subtel Effect အတိုင်းပုံစံ ပြောင်းလဲသွားတာ ကို တွေ့မြင်ရပါလိမ့်မယ်။