Adding Graphic & Picture (2)
ဆက်လက်ပြီး သင်ထည့်သွင်းထားတဲ့ SmartArt အကွက်များအတွင်း သင်နှစ်သက်ရာ ပုံများကို ထည့်သွင်းပါမယ်။ အရင်ဦးဆုံး Photo 1 ပေါ်တွင် Click နှိပ်လိုက်ပါ။
Fig (27)
Work Ofine ကို ရွေးချယ်ပေးလိုက်ပါ။ ပြီးနောက် သင့်ကွန်ပျူတာအတွင်းရှိ နှစ်သက်ရာ ပုံတစ်ပုံကို ရွေးချယ်ပေးလိုက်ပါ။
Fig (28)
Insert ကို နှိပ်လိုက်ပါ။ ဒါဆိုရင် SmartArt အကွက်လေးအတွင်း သင်ရွေးချယ်လိုက်တဲ့ပုံ ၀င်ရောက်သွားတာကို တွေ့ရပါလိမ့်မယ်။ ထိုနည်းအတိုင်း အခြား SmartArt အကွက်များအတွင်း နှစ်သက်ရာပုံများ ထပ်မံထည့်သွင်းနိုင်ပါတယ်။
Fig (29)
အခုဆိုရင်တော့ ရွေးချယ်ထားတဲ့ Smart Art အကွက်များအတိုင်း ပုံများ ၀င်ရောက်သွားပြီ ဖြစ်ပါတယ်။ ဒီနည်းလမ်းအတိုင်း အခြားသော SmartArt Pattern များကို ရွေးချယ်ကာ ပုံများထည့်သွင်းပြီး လှပကောင်းမွန်တဲ့ Slide များကို ပြုလုပ်ဖန်တီးတတ်သွားပြီ ဖြစ်ပါတယ်။