Adding Slide Notes and Comment
Slide Note ဆိုတာကတော့ PowerPoint တွင် ပါဝင်သော အသုံးအ၀င်ဆုံး Tool တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့သဘောကတော့ Slide တစ်ခုချင်းစီအတွက် သက်ဆိုင်ရာ Note များကို ရေးမှတ်ထားလို့ရပါတယ်။
ဒီလိုမျိုးရေးမှတ်ထားတဲ့ Note တွေဟာ Slide Show Mode အနေဖြင့် မြင်တွေ့ရမှာ မဟုတ်ပါဘူး။ အသုံးပြုသူ User အနေဖြင့် သာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Slide တစ်ခု ချင်းစီအတွက် Note များ ရေးပြီးမှတ်သားထားနိုင်စေရန် ဒီ Feauter ကို ထည့်သွင်းပေးထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် Print out ထုတ်ယူရာမှာတော့ ဒီ Slide Note တွေကို ပါ Slide နှင့်တွဲဖက် ပါဝင်အောင်ပြုလုပ်ပြီး ထုတ်ယူနိုင်ပါတယ်။
ဥပမာ Slide တစ်ခုချင်းစီအတွင်း ထည့်သွင်းအသုံးပြုမည့် document များ ၊ Attribute များကို Note အနေဖြင့် ရေးမှတ်ထားပြီး Print ပါတွဲဖက် ထုတ်နိုင်ရန် စီမံထားခြင်း ဖြစ်ပါတယ်။
Slide တစ်ခုအတွင်း Slide Note များ ထည့်သွင်းရန်အတွက် Normal mode မှ အသုံးပြုရမှာဖြစ်ပါတယ်။
ပြီးနောက် Notes ဆိုသည့် နေရာမှာ Click တစ်ချက် နှိပ်လိုက်ပါ။
ဒါဆိုရင် Slide ရဲ့ အောက်ခြေအကွက်မှာ Clid to add notes ဆိုသည့် စာသားလေးပေါ်နေတာကို တွေ့ရပါလိမ့်မယ်။ ၎င်း စာသားနေရာတွင် သင်ရေးမှတ်ထားလိုသော အကြောင်းအရာများကို မှတ်သားထားလို့ရပါတယ်။
Comment ကတော့ ဒီ Slide နဲ့ ပတ်သက်ပြီး Note ကဲ့သို့ အသုံးပြုနိုင်တဲ့ feature တစ်ခု ဖြစ်ပါတယ်။ Notes ဘေးနားရှိ Comment ဆိုသည့် Button လေးကို Click တစ်ချက် နှိပ်လိုက်ပါ။
ဒါဆိုရင် Slide ရဲ့ ညာဖက်တွင် comment ရေးသားသည့် Box လေး ကျလာပါလိမ့်မယ်။ အဲဒီမှာ New ကို တစ်ချက်နှိပ်လိုက်ပါ။
ပြီးနောက် နှစ်သက်ရာ Comment တစ်ခုခုကို ရေးသားနိုင်ပါတယ်။