Adding Text and Graphic

Written by S.N.O Published in 07 Aug 2014

      အခု ဆက်လက်ပြီး Slide တစ်ခုချင်းစီအတွင်း စာသားများ ၊ Graphic ပုံများကို ထည့်သွင်းပါမယ်။ Slide ရဲ့ Title ကို My New Slide ဆိုပြီး အမည်ပြောင်းလဲပေးပါမယ်။ ပြီးနောက် ၎င်း အမည်ကို Mouse နှင့် Select မှတ်ပြီး Right Click နှိပ်လိုက်ပါ။ ဒါဆိုရင် ထိုစာသားနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ပြင်ဆင်နိုင်သည့် Pop up Menu တစ်ခု ကျလာပါလိမ့်မယ်။

 

Fig (13)

 

      Font ကိုတော့ သင်နှစ်သက်ရာ Font တစ်မျိုးမျိုးကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Font Size ကတော့ Title ဖြစ်တဲ့အတွက်ကြောင့် 30 လောက်မှာ ထားပြီး အသုံးပြုသင့်ပါတယ်။ B U ကတော့ Bold , Italic , Underline ကို ပြောတာပါ။ Left , Right , Center အစရှိသည့် Align များကိုလည်း ဒီ Pop up Menu မှာ တစ်ခါတည်း သတ်မှတ်လို့ရပါတယ်။

Title ကို သတ်မှတ်ပြီးပြီ ဆိုရင်တော့ ပထမ Content မှာ Table တစ်ခု တည်ဆောက်ရန် အတွက် Table ပုံစံအကွက်လေးကို နှိပ်လိုက်ပါမယ်။

 

Fig (14)

 

      ကော်လံနေရာမှာ 5 ကိုရိုက်ထည့်ပြီး Row နေရာမှာတော့ 3 ကို ထည့်လိုက်ပါမယ်။

 

Fig (15)

 

Fig (16)

 

      အောက်ကပုံအတိုင်း စာသားများကို ထည့်သွင်းလိုက်ပါ။ ဒီနည်းလမ်းအတိုင်း နေ့စဉ်ဝင်ငွေများ ၊ စာရင်းများကို Slide တစ်ခုအနေဖြင့် ပြုလုပ်ထားနိုင်ပါတယ်။ ဒီလို ဇယား Table နှင့် Slide လုပ်ခြင်းဟာ ကုမ္ပဏီတစ်ခုအတွက် နေ့စဉ်ဝင်ငွေများ ၊ အသုံးစရိတ်များကို Presentation တစ်ခုအနေဖြင့် ပြုလုပ်ပြသရာမှာ အသုံးပြုပါတယ်။

 

Fig (17)

 

      ဒီ Tabel ဥပမာအတိုင်း သင်နှစ်သက်ရာ Table များ ၊ စာရင်းများကို ပြုလုပ်တည်ဆောက်ပြီး Presentation တစ်ခု ပြုလုပ်ကြည့်ပါ။ PowerPoint နှင့် ကုမ္ပဏီ လုပ်ငန်းပိုင်းဆိုင်ရာ စာရင်းဇယားများကို လွယ်ကူစွာ Presentation ပြုလုပ်တတ်လာမှာ ဖြစ်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.