Adjusting the Mouse Double-Click Speed
ဒီသင်ခန်းစာလေးကတော့ Beginner Level ကွန်ပျူတာသမားများအတွက် ဖြစ်ပါတယ်။ ကွန်ပျူတာတွင် တပ်ဆင်အသုံးပြုရသော Mouse ရဲ့ Double-Click Speed အနှေးအမြန်ကို ပြောင်းလဲပေးရန်အတွက် ဖြစ်ပါတယ်။
Double Click ဆိုတာဟာ File , Folder များကို ဖွင့်ရန်အတွက် အသုံးပြုသော Function တစ်ခု ဖြစ်ပါတယ်။ ဒီလို Double Click ပြုလုပ်ရာမှာ Mouse နှင့် နှစ်ချက်ဆက်တိုက် နှိပ်ပေးရပါတယ်။ အဲဒီလို နှစ်ချက် Click နှစ်ချက်ဆက်တိုက် နှိပ်ရာမှာ တစ်ချက်နှင့်တစ်ချက်အကြား အနှေးအမြန် Speed ကို ချိန်ပေးနိုင်ပါတယ်။
Double Click Speed ကို ဘာကြောင့် ဒီလိုချိန်ရသလဲဆိုတော့ သင်ဟာ Double Click ကို မြန်မြန်နှိပ်ရတာ ကြိုက်တယ်ဆိုရင် Double Click Speed ကို Fast မှာ ထားပေးပြီး သင်ဟာ Double Click ကို ပုံမှန်သာ ထားချင်တယ်ဆိုရင်တော့ မနှေးမမြန် အလယ်အလတ် Position မှာ ထားပြီး အသုံးပြုနိုင်ပါတယ်။
Double Click ကို Control Panel မှ ၀င်ရောက်ပြီး ချိန်ပေးနိုင်ပါတယ်။ လောလောဆယ် Control Panel သို့ ၀င်ရောက်ရန်အတွက် Windows + R ကိုနှိပ်ပြီး Run ကို ခေါ်လိုက်ပါမယ်။
ပြီးနောက် control လို့ ရိုက်ထည့်လိုက်ပါမယ်။ ဒါဆိုရင် Control Panel ထဲသို့ ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီမှာ Mouse ဆိုတဲ့ Icon လေးကို တွေ့ရမှာ ဖြစ်ပါတယ်။ ၎င်း Mouse Icon လေးကို နှိပ်လိုက်ပါ။
အဲဒီမှာ Buttons ဆိုတဲ့ Tag လေးကို တွေ့နေရပြီ ဖြစ်ပါတယ်။ အဲဒီအောက်မှာ Double Click Speed ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၎င်း Double Click Speed ကို သင့်စိတ်ကြိုက် ချိန်ပေးနိုင်ပါတယ်။
ပုံမှန်အားဖြင့်တော့ Double Click Speed ဟာ အလယ်လောက်မှာပဲ ရှိပါတယ်။ တကယ်လို့ မြန်ချင်တယ်ဆိုရင် Fast ဘက်ကိုသွားပြီး နှေးချင်တယ်ဆိုရင်တော့ Slow ဘက်ကို ရွှေ့ပေးလိုက်ပါ။
သင့်စိတ်ကြိုက် Double Click Speed ကို ချိန်ပြီးပြီ ဆိုရင်တော့ Apply ကို နှိပ်လိုက်ပါ။ OK ကို ဆက်လက် ရွေးချယ်ပေးလိုက်ပါ။
ဒါဆိုရင် သင့်ရဲ့ Mouse Pointer Double Click Speed ဟာ သင် ရွေးချယ်သတ်မှတ်လိုက်တဲ့ အမြန်နှုန်းအတိုင်း ရရှိသွားပြီ ဖြစ်ပါတယ်။