Adobe InDesign သင်ခန်းစာများ (10)
Adobe InDesign ကို အသုံးပြုပြီး Document များကို ဖန်တီးရာမှာ PDF File Format အနေဖြင့်လည်း ပြန်လည်ရယူနိုင်ပါတယ်။ ဒီလို PDF File Format အနေဖြင့် ရယူနိုင်ရန်အတွက် အခြားမည်သည့် Software မှ ထပ်မံထည့်သွင်းပေးရန် မလိုအပ်ပါဘူး။
InDesign မှ တိုက်ရိုက် PDF Format အနေဖြင့် ရယူနိုင်ပါတယ်။ PDF File Format အနေဖြင့် ရယူနိုင်တာကြောင့် Ebook များအဖြစ် Document File များကို ရယူနိုင်ပါတယ်။
PDF File Format အနေဖြင့် ရယူနိုင်ရန်အတွက် File Menu ထဲမှတစ်ဆင့် Adobe PDF presets မှ High Quality Print ကို ရွေးချယ်ပေးလိုက်ပါ။
ပြီးနောက် အောက်ပါပုံအတိုင်း နှစ်သက်ရာ အမည်ပေး၍ သိမ်းဆည်းပေးလိုက်ပါ။ ဒါဆိုလျှင် သင်ပြုလုပ်ဖန်တီးလိုက်တဲ့ Document ကို PDF File အနေဖြင့် ပြန်လည် ရယူနိုင်ပြီ ဖြစ်ပါတယ်။