Adobe Photoshop Tips 1 ( Color Settings ကို လေ့လာခြင်း)

Written by S.N.O Published in 09 Oct 2014

Adobe Photoshop CS 5 ဟာ အားလုံးသိတဲ့အတိုင်းပဲ ဓါတ်ပုံများကို ပြင်ဆင်ခြင်း၊ တည်းဖြတ်ခြင်း၊ Effect များ ထည့်သွင်းခြင်း စသည်တို့ ပြုလုပ်ရာမှာ အထူးကောင်းမွန်သော ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။

အခုဖော်ပြလိုက်တဲ့ သင်ခန်းစာကတော့ Adobe Photoshop CS 5 အတွင်း အရောင် Setting များကို ပြောင်းလဲအသုံးပြုပုံ ဖြစ်ပါတယ်။ ဒီလို Color Setting များကို ဘာလို့ ပြောင်းလဲအသုံးပြုသလဲဆိုတော့ ဓါတ်ပုံသမားများ၊ Printing ပြုလုပ်ခြင်းများအပြင် အင်တာနက်တွင် လွှင့်တင်အသုံးပြုသော ၀ဘ် Image များအတွက်ပါ ဒီ Color Setting အား လိုအပ်ချက်အလိုက် ပြင်ဆင်အသုံးပြုနိုင်ရန် ဖြစ်ပါတယ်။

 

 

Adobe Photoshop CS 5 ရဲ့ ပုံမှန် Default Color Space ဟာ sRGB ဖြစ်ပါတယ်။ sRBG စနစ်ဟာ Color Space အလွန်သေးငယ်ပြီး ပုံထွက်အရည်အသွေး အထူးကောင်းမွန်ပါတယ်။ အဓိကအားဖြင့်တော့ Printing လုပ်ငန်းစဉ်များမှာ အသုံးပြုရန်အတွက် ဖြစ်ပါတယ်။ ဒီလို Color Space အလွန်သေးငယ်တဲ့အတွက်ကြောင့် ပုံထွက်အရည်အသွေးဟာ အထူးကောင်းမွန်ပြီး ကျစ်လစ်လှပတာကို တွေ့ရပါလိမ့်မယ်။

ကွန်ပျူတာမော်နီတာများမှာ ပိုမိုကြည့်ကောင်းပြီး အရောင်အသွေး စုံလင်လှပစေရန်အတွက် ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ဒီဇိုင်းသမားများနှင့် ဓါတ်ပုံဆရာများဟာ ပုံမှန် ယခင် Adobe RGB စနစ်ကို အသုံးပြုလေ့ရှိပါတယ်။

အဲဒီ RGB စနစ်ဟာ လွန်ခဲ့တဲ့ 1998 ခုနှစ်ဝန်းကျင်ခန့်က Adobe မှ အသုံးပြုခဲ့တဲ့ စနစ်တစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ ဒီဇီုင်းတစ်ခုကို ဖန်တီးရာမှာ လိုအပ်ချက်အလိုက် တစ်ခါတစ်ရံမှာ Color Space များကို ပြောင်းလဲအသုံးပြုနိုင်စေရန်အတွက် ဒီသင်ခန်းစာကို လေ့လာထားရမှာ ဖြစ်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.