Adobe Photoshop Tips 3 ( Preferences ကို ပြင်ဆင်အသုံးပြုခြင်း )

Written by S.N.O Published in 09 Oct 2014

Preferences ဆိုတာဟာ Adobe Photoshop CS 5 မှာ ပါဝင်တဲ့ Photoshop Specific များအားလုံးကို ထည့်သွင်းပေးထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

ဒီ Preferences ကို လိုအပ်သလို ပြင်ဆင် ပြောင်းလဲအသုံးပြုနိုင်သလို တကယ်လို့ ပုံမှန် Default Settings အနေဖြင့်လည်း နဂိုအတိုင်း ပြန်လည် သတ်မှတ်ပေးလို့ ရပါတယ်။ ဒီလို Preferences ကို ဘာလို့ ပြင်ဆင်အသုံးပြုလေ့ရှိသလဲဆိုရင် ဥပမာအားဖြင့် ဒီ Preferences မှာ RAM ကို အသုံးပြုတဲ့ Settings များလည်း ပါရှိပါတယ်။ Adobe Photoshop CS 5 ဟာ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ RAM ကို တစ်ဝက်နီးပါး အသုံးပြုပါတယ်။

တစ်ခါတစ်ရံ 3D Project များ တည်ဆောက်မယ်ဆိုရင်တော့ ဒီ RAM Setting ကို တိုးမြှင့်ပြီး အသုံးပြုရပါတယ်။ ပုံမှန်အတိုင်း အသုံးပြုမယ်ဆိုရင် RAM ပမာဏ နည်းနေတယ်ဆိုတဲ့ Error မျိုးကို ဖော်ပြပေးပါတယ်။ နောက်ထပ်တစ်ချက်ကတော့ Adobe Photoshop CS 5 မှ အသုံးပြုတဲ့ Plug in Folder များကို ပြောင်းလဲသတ်မှတ်ပေးလို့ ရပါတယ်။

ပုံမှန်အားဖြင့် C:/ Program File / Adobe / Adobe Photoshop CS5 / Plug in အောက်မှာ သူ့ရဲ့ အသုံးပြုထားတဲ့ Brush များ ၊ Plug in များစွာကို ထည့်သွင်းထားပါတယ်။ တစ်ခြား Folder ကို Plug in အနေဖြင့် အသုံးပြုချင်တယ်ဆိုရင်တော့ ဒီ Folder နေရာမှာ ပြောင်းလဲပေးရပါလိမ့်မယ်။ ဒါကြောင့် Adobe Photoshop CS 5 ကို နေ့စဉ်အသုံးပြုနေသူ တစ်ဦးဆိုလျှင် ဒီ Preferences ကို နားလည်သဘောပေါက်ထားသင့်ပါတယ်။

Adobe Photoshop CS 5 ရဲ့ Preferences ကို ၀င်ရောက်ရန်အတွက် Edit / Perferences / General ကို နှိပ်လိုက်ပါ။ Keyboard Shortcut အနေဖြင့် Ctrl+ K ကို အသုံးပြုနိုင်ပါတယ်။

 

 

Performance ကို ၀င်လိုက်ပါ။ ဒါဆိုရင် RAM Settings ကို တွေ့မြင်နေရပြီဖြစ်ပါတယ်။ အဲဒီမှာ RAM ပမာဏကို သင်အလိုရှိသလောက် တိုးမြှင့်ပေးနိုင်ပါတယ်။

 

 

သူ့အောက်မှာရှိတဲ့ Scratch Disks ကတော့ Photoshop ရဲ့ File များထားရှိမည့်နေရာကို ပြောခြင်းဖြစ်ပါတယ်။ Plug in ထဲသို့ ထပ်မံဝင်ရောက်လိုက်ပါ။ အပေါ်ဖက်ဆုံးက Additional Plug in Folder ဆိုတာကတော့ နောက်ထပ် Plug in အနေဖြင့် သတ်မှတ်ပေးမည့် Folder ကို ရွေးချယ်ပေးရန် ဖြစ်ပါတယ်။

Perferences အတွင်းမှာ ပါဝင်တဲ့ အရာများအားလုံးသည် Photoshop ရဲ့ settings များကို ပြောင်းလဲအသုံးပြုလိုသည့် အခါမျိုးမှာ အသုံးပြုပါတယ်။ တကယ်လို့ ပုံမှန်အတိုင်း ပြန်ထားလိုရင်တော့ Reset ကိုနှိပ်ပြီး နဂို Settings အနေဖြင့် ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.