Adobe Photoshop Tips 4 (Workspace ကို ပြင်ဆင်အသုံးပြုခြင်း)
Workspcae ဆိုတာကတော့ Adobe Photoshop CS 5 ရဲ့ ပုံစံ Layout ကို ပြောတာ ဖြစ်ပါတယ်။
Adobe Photoshop CS 5 တွင် Tools များစွာကို ထည့်သွင်းထားသည့် Panels များစွာ ပါဝင်ပါတယ်။ Panels တစ်ခုစီဟာလည်း လွန်စွာမှ အသုံးဝင်ပြီး သက်ဆိုင်ရာ Tools များစွာ ပါဝင်ပါတယ်။ ဒီလို Panels များစွာကို လိုအပ်သလို နေရာချထားခြင်းကို Woakspace လို့ ခေါ်ဆိုပါတယ်။
ဥပမာ သင်ဟာ 3 D နဲ့သက်ဆိုင်တဲ့ Tools များကို အသုံးမပြုဘူးဆိုရင် ၎င်းကို ပိတ်ထားလို့ ရပါတယ်။ ဘယ်ဖက်ရှိ
Tools ဘားကိုလည်း အတိုအရှည်အလိုက် ပြင်ဆင်ထားလို့ ရပါတယ်။ ဒီလိုမျိုး Adobe Photoshop CS 5 ရဲ့ သွင်ပြင်ကို စိတ်ကြိုက်ပြင်ဆင်ပြီး ကိုယ်ပိုင် Workspace အနေဖြင့် သိမ်းဆည်းထားလို့ရပါတယ်။
Adobe Photoshop CS 5 ကို ဖွင့်လိုက်ပါ။ ပြီးနောက် View > Screen Mode > Full Screen Mode with Menu Bar ကို ရွေးချယ်လိုက်ပါ။
ဒါဆိုရင် Adobe Photoshop CS 5 ရဲ့ အသွင်အပြင် အနည်းငယ်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ပြီးနောက် သင်အသုံးပြုလိုသော Tools Panel များကို Windows Menu အောက်မှတစ်ဆင့် ရွေးချယ်ပြီး ထည့်သွင်းလိုက်ပါ။
ပြီးနောက် Tools Panel များကို သင့်စိတ်ကြိုက် နေရာချနိုင်ပါတယ်။ အားလုံးပြီးသွားပြီဆိုရင်တော့ Window Menu > Workspace > New Workspace ကို ရွေးချယ်လိုက်ပါ။ Name နေရာမှာ သင်နှစ်သက်ရာ အမည်တစ်ခုခုကို ထည့်သွင်းသတ်မှတ်လိုက်ပါ။