Adobe Photoshop Tips 5 (Adobe Photoshop CS 5 ရှိ Filter များအား Keyboard Shortcut အနေဖြင့် ဖန်တီးခြင်း )
Adobe Photoshop CS 5 မှာ အသုံးများတဲ့ Tools များစွာအတွက် Keyboard shortcut များစွာကို ထည့်သွင်းပေးထားပါတယ်။
ဒါပေမယ့် Filter များ Plug in များ နှင့် Brush များအတွက်တော့ Keyboard Shortcut များ မပါဝင်ပါဘူး။ အချို့သော Fill > Pattern များအတွက်လည်း Keyboard Shortcut များ မထည့်သွင်းပေးထားပါဘူး။ ဒါပေမယ့် သူ့မှာ Keyboard Shortcut များကို အလွယ်တကူ ကိုယ်ပိုင် ဖန်တီးနိုင်အောင် စီစဉ် ဆောင်ရွက်ပေးထားပါတယ်။
သင်အသုံးများသော Function များ၊ Plug in များကို Keyboard Shortcut အနေဖြင့် ဖန်တီးပေးထားခြင်းအားဖြင့် လုပ်ငန်းဆောင်တာများကို အလွယ်တကူ လျှင်မြန်စွာ ဆောင်ရွက်နိုင်ပါတယ်။ နောက်ထပ် အားသာချက်တစ်ရပ်ကတော့ လက်ရှိ ထည့်သွင်းပေးထားတဲ့ Keyboard Shortcut များကိုလည်း ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
တကယ်လို့ သင့်အနေဖြင့် Shortcut များစွာကို နဂို မူလအတိုင်း ပြန်လည်ထားရှိလိုပါက Default Shortcut ကို ပြန်လည်ရွေးချယ်ကာ မူလအတိုင်း ပြန်လည်ထားလို့ရပါတယ်။
အခု Adobe Photoshop CS 5 မှာ ကိုယ်ပိုင် Shortcut လေးတစ်ခုကို ဖန်တီးတည်ဆောက်ပါမယ်။ အရင်ဦးဆုံး Edit > Keyboard Shortcuts ကို ရွေးလိုက်ပါ။
Filter တစ်ခုကို Keyboard Shortcut အနေဖြင့် ဖန်တီးချင်တာကြောင့် Applications Menu ကို နှိပ်လိုက်ပါ။ ပြီးနောက် Filter Disclosure Trigngle လေးကို ရွေးလိုက်ပါမယ်။
အခု Filter အောက်ထဲကို ရောက်သွားပြီ ဖြစ်ပါတယ်။ အဲဒီမှာ Gaussian Blur ဆိုတာကို တွေ့နေရပါတယ်။ အဲဒီ Gaussian Blur ကို နှိပ်လိုက်ပါတယ်။ ပြီးနောက် Shortcut နေရာမှာ သင်အသုံးပြုလိုသည့် Key Command တစ်ခုကို ထည့်သွင်းပေးရပါမယ်။ ပြီးရင်တော့ Accept ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
တကယ်လို့ Keyboard Shortcut များကို ဖျက်ချင်တယ်ဆိုရင်တော့ Delete Shortcuts ကိုနှိပ်ကာ ဖျက်ပစ်နိုင်ပါတယ်။ ဒီလို Shortcut ဖန်တီးပြီးသွားပြီဆိုရင်တော့ နောက်တစ်ကြိမ် ၎င်း Effect ကို အသုံးပြုလိုပါက သင်သတ်မှတ်ပေးထားသော Shortcut ကိုနှိပ်လိုက်ပြီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။