Adobe Photoshop Tips 7 (Brush များကိုပြင်ဆင်အသုံးပြုခြင်း)
Adobe Photoshop CS 5 တွင် အသင့်အသုံးပြုနိုင်သော Brush များစွာ ပါဝင်ပါတယ်။ သင့်အနေဖြင့် ၎င်း Brush များကို အသုံးပြုပြီး ဒီဇိုင်းများစွာကို ဖန်တီးရယူနိုင်ပါတယ်။
တကယ်လို့ သင်ဟာ ဒီ Brush များကို အသုံးမပြုလိုပဲ ကိုယ်ပိုင်ပြုလုပ်ဖန်တီးထားတဲ့ Brush တစ်ခုကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီသင်ခန်းစာဟာ သင့်အတွက် အထောက်အကူ ဖြစ်စေမှာ အမှန်ပါပဲ။
ဆက်လက် လေ့လာရမှာကတော့ Adobe Photoshop CS 5 အတွင်း ကိုယ်ပိုင် Brush တစ်ခုကို ဖန်တီးရယူနိုင်ရန်အတွက် ဖြစ်ပါတယ်။ ပထမဦးဆုံးအနေဖြင့် Adobe Photoshop CS 5 Program ကိုဖွင့်လိုက်ပါ။ ပြီးနောက် ဘယ်ဖက် Tools Bar ရှိ Brush ကို ရွေးချယ်လိုက်ပါမယ်။
အထက်ပါပုံတွင် ဖော်ပြထားသည့် (2) ဆိုသည့်နေရာကို Click တစ်ချက်နှိပ်လိုက်ပါ။ ၎င်းဟာ Brush Panel တစ်ခု ဖြစ်ပါတယ်။ ဒီ brush Panel မှတဆင့် brush များကို စိတ်ကြိုက်ပြင်ဆင်အသုံးပြုရမှာ ဖြစ်ပါတယ်။
(3) ဆိုပြီး မျှားထိုးပြထားတာကတော့ Brush များကို ရွေးချယ်ရန်အတွက် ဖြစ်ပါတယ်။ (4) ကတော့ Brush tip များကို လိုအပ်သလို ပြင်ဆင်ပေးနိုင်သည့်နေရာ တစ်ခု ဖြစ်ပါတယ်။ အခု ကြယ်ပုံစံ Brush လေးတစ်ခုကို ရွေးချယ်လိုက်ပါမယ်။
၎င်းကြယ်ပုံစံ Brush လေးကို စိတ်ကြိုက်ပြန်လည်ပြင်ဆင်ပြီး အသုံးပြုကြည့်ပါမယ်။ ကြယ်တစ်လုံးနှင့်တစ်လုံးအကြား အကွာအဝေးကို ပြင်ဆင်ရန်အတွက် Spacing ကိုပြင်ဆင်လိုက်ပါတယ်။
Shape Dynamics ဘေးမှာ အမှန်ခြစ်လေးထည့်သွင်းလိုက်ပါတယ်။ ပြီးနောက် Roundness Jitter , Size Jitter , Minimum Diameter များကို စိတ်ကြိုက်ပြင်ဆင်လိုက်ပါတယ်။
ဒါဆိုရင် ကြယ်လေးတွေဟာ ဘေးတစ်စောင်းအနေအထား၊ အတည့်အနေအထား ၊ စသည်ဖြင့် အနေအထား မျိုးစုံအနေဖြင့် တွေ့ရမှာ ဖြစ်ပါတယ်။
ပြီးနောက် Noise ဘေးမှာ အမှန်ခြစ်လေးထည့်သွင်းလိုက်ပါတယ်။ ပြီးနောက် Brush Panel အောက်ခြေရှိ New brush နေရာတွင် Click တစ်ချက် နှိပ်ပြီး အမည်တစ်ခုပေးကာ သိမ်းဆည်းထားလိုက်ပါတယ်။
ပြီးနောက် သင့်ရဲ့ Document တွင် Brush နှိပ် ကြယ်များကို ဆွဲကြည့်ပါ။ ဒီဇိုင်းလှပပြီး အရွယ်အစားမတူညီတဲ့ ကြယ်လေးများကို ရရှိလာမှာ ဖြစ်ပါတယ်။