Adobe Photoshop Tips 8 ( Gradient အသုံးပြုပုံ 2 )
Gradient နဲ့ ပတ်သက်ပြီး နောက်ထပ် နည်းလမ်းတစ်ခုကို ထပ်မံ လေ့လာကြည့်ပါမယ်။ Adobe Photoshop CS 5 တွင် Gradient ပြုလုပ်နိုင်သော နည်းလမ်း နှစ်မျိုးရှိပါတယ်။ ပထမနည်းလမ်းကတော့ ပုံမှန် Tools ဘားမှ Gradient Tool ကိုယူကာ Gradient ပြုလုပ်ခြင်း ဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်းကတော့ FX မှ Gradient ပြုလုပ်ခြင်း ဖြစ်ပါတယ်။
ဒီ FX မှ Gradient ပြုလုပ်ခြင်းဟာ ပုံမှန် Gradient ပြုလုပ်ခြင်းထက် ပိုမိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ Gradient ပြုလုပ်လိုက်လျှင် ဖြစ်ပေါ်လာမည့် ပုံစံကို Preview ပြသပေးထားလို့ ဖြစ်ပါတယ်။ ဒီလို Preview အနေဖြင့် ကြည့်ရှုနိုင်တာကြောင့် အမှန်တကယ် Gradient ပြုလုပ်လိုက်လျှင် ရရှိလာမည့် ပုံကို ကြိုတင်မြင်တွေ့နိုင်ပါတယ်။
ပထမဦး ဆုံး Adobe Photoshop CS 5 ကို ဖွင့်လိုက်ပါ။ ပြီးနောက် File New တစ်ခုကို ဖန်တီးထားလိုက်ပါ။ ဒီလို File New ဖန်တီးပြီးနောက် Control + Shift + N ကိုတွဲနှိပ်ပြီး New Layer အသစ်တစ်ခုကို ရယူထားရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Background Layer မှာ ဘာမှ သွားမလုပ်ပဲ Layer အသစ်တစ်ခု အနေဖြင့်သာ Gradient ကို ရယူချင်လို့ ဖြစ်ပါတယ်။ Layer ရဲ့ အရောင်ကိုတော့ အဖြူရောင် ရွေးချယ်ပေးထားပါတယ်။
ဒီလို Layer အသစ်တစ်ခုကို ရယူပြီးနောက် Layer Panel အောက်ခြေရှိ fx ကို နှိပ်လိုက်ပါမယ်။ ပြီးနောက် Gradient ကို ရွေးချယ်လိုက်ပါမယ်။
ဒါဆိုရင်တော့ Gradient Overlay ထဲကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
အပေါ်ဖက်ဆုံးမှာ တွေ့နေရတဲ့ Blend Mode ကတော့ Layer ရဲ့ Mood အမျိုးမျိုးကို ပြောင်းလဲပေးနိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့အောက်မှာရှိတဲ့ Opacity ကတော့ Gradient ရဲ့ ပမာဏ ဖြစ်ပါတယ်။ Gradient ဆိုတဲ့နေရာမှာတော့ သင်နှစ်သက်ရာ အရောင်များကို ရွေးချယ် ထည့်သွင်းနိုင်ပါတယ်။ သူ့မှာလည်း Gradient Style ငါးမျိုးရှိပါတယ်။ Angle ကတော့ Gradient ထည့်သွင်းမည့် ရှုထောင့်ကို ပြောတာ ဖြစ်ပါတယ်။
Scale ကတော့ Gradient ရဲ့ အရောင်တစ်ခုနှင့်တစ်ခု အကြား ကူးပြောင်းမှုကို ချိန်ရန် ဖြစ်ပါတယ်။ Gradient အား စိတ်ကြိုက်ချိန်ပြီးပါက OK ကိုနှိပ်ပြီး Layer Fx Style မှ ထွက်နိုင်ပါတယ်။ ဒီလို ထည့်သွင်းထားတဲ့ Gradient ကို ပြန်လည် ပြင်ချင်တယ်ဆိုရင်လည်း နောက်တစ်ကြိမ် Fx မှ ၀င်ရောက်ကာ ပြင်ဆင်နိုင်ပါတယ်။