Adobe Photoshop Tips 8 ( Gradient အသုံးပြုပုံ 1 )
Gradient Tool ကတော့ Adobe Photoshop အတွင်း အသုံးအများဆုံးနှင့် မရှိမဖြစ် အရေးပါတဲ့ Tool တစ်ခု ဖြစ်ပါတယ်။ Gradient ရဲ့ အဓိပ္ပါယ်ကတော့ အရောင်များကို ပေါင်းစပ်ပြီး ရောင်စဉ်တန်းများအနေဖြင့် အသုံးပြုတဲ့ ရောင်ပြေး ပုံစံတစ်ခု ဖြစ်ပါတယ်။
ဒီ Gradient ဟာ နောက်ခံ background များ၊ Design Image များစွာကို ဖန်တီးပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ ဒါကြောင့် Photoshop လေ့လာသူတွေအနေဖြင့် Gradient ကို မသိမဖြစ် ကျွမ်းကျင်စွာ အသုံးပြုနိုင်အောင် သေချာ လေ့လာထားရပါမယ်။
Gradient ကို အသုံးပြုရန်အတွက် Adobe Photoshop Program ကို ဖွင့်လိုက်ပါ။ ပြီးနောက် New Document တစ်ခုကို ရယူလိုက်ပါ။ ပြီးရင်တော့ Ctrl + Shift + N ကိုနှိပ်ကာ Layer အသစ်တစ်ခုကို ရယူလိုက်ပါမယ်။
ဒီလို New Layer ကို ရယူလိုက်ခြင်းအားဖြင့် Background Layer ကို မထိခိုက်ပဲ Gradient ကို လွယ်လွယ်ကူကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ညာဖက် Layer Panel မှာ အခုဆိုရင် Background ကတစ်ခု New Layer ကတစ်ခု အားလုံးပေါင်း Layer နှစ်ခု ရရှိသွားပြီ ဖြစ်ပါတယ်။
ဆက်လက်ပြီး ဘယ်ဖက် Tools Bar ရှိ Gradient Tool ကို ရွေးချယ်လိုက်ပါမယ်။
အပေါ်ဖက် Tools Bar ပေါ်မှာ gradient နဲ့ သက်ဆိုင်တဲ့ Feature များကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ Gradient ဟာ အမျိုးအစားအားဖြင့် ငါးမျိုး ခွဲခြားထားပါတယ်။
အဲဒါတွေကတော့ Liner , Radial , Angle , Reflected , Diamond ဆိုပြီး အမျိုးအစား ငါးမျိုးရှိပါတယ်။ တစ်မျိုးချင်းစီအလိုက် ပုံသဏ္ဍန်များဟာ မတူညီပဲ လှပကောင်းမွန်တဲ့ Effect များစွာကို ရရှိစေပါတယ်။
အခု ပုံမှန် Liner Gradient ကို ရွေးချယ်ပြီး Document ပေါ်မှာ ဘယ်ဖက်မှ ညာဖက်သို့ Mouse နဲ့ ဖိဆွဲလိုက်ပါမယ်။ ဒါဆိုရင် အနီရောင်မှ အစိမ်းရောင်သို့ ကူးသွားသည့် Gradient တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းအတိုင်း အခြားသော gradient အမျိုးအစားများကိုလည်း အသုံးပြုကြည့်ပါ။ မတူညီတဲ့ Point များဆီမှ Gradient ကို Mouse နှင့် ဖိဆွဲကြည့်ပါ။ ဒါဆိုရင် သင်ဟာ gradient ကို အလွယ်တကူ နားလည်သဘောပေါက်လာမှာ ဖြစ်ပါတယ်။