Advanced Diagnosis Software ကို အသုံးပြုခြင်း
အခုတင်ဆက်ပေးချင်တဲ့ ဆော့ဖ်ဝဲလေးကတော့ သင့်ကွန်ပျူတာရဲ့ လုံခြုံရေးနှင့် မလိုလားအပ်သော Virus များ မ၀င်ရောက်နိုင်အောင်တားဆီးပေးမည့် Advanced Diagnosis ဆိုတဲ့ ဆော့ဖ်ဝဲလေးဖြစ်ပါတယ်။
ဒီဆောဖ့်ဝဲမှာဆိုရင် Security Status , System Information , PC Stability , Optimization , Junk Files များအပြင် Registry ရှိ Errorများကိုပါ ဖြေရှင်းပေးနိုင်သော Utility များစွာပါဝင်ပါတယ်။
ဒါကြောင့် သင့်ကွန်ပျူတာရဲ့စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်မြန်ဆန်စေရန်နှင့် ပိုမိုလုံခြုံစိတ်ချမှုရှိစေရန်အတွက် ဒီAdvanced Diagnosis ဆော့ဖ်ဝဲကို အသုံးပြုနိုင်ပါတယ်။
Advanced Diagnosis ကိုစတင် Run လိုက်လိုက်လျှင် အထက်ပါပုံအတိုင်း မြင်တွေ့ရပါလိမ့်မယ်။သူ့ကို Run လိုက်တာနှင့်တစ်ပြိုင်နက်တည်း ကွန်ပျူတာအတွင်းရှိ Error များကို ရှာဖွေပေးပါတယ်။
ထို့နောက် Error တစ်ခုချင်းစီအလိုက် Condition အခြေအနေကိုလည်း Bad , Normal , Good အစရှိသဖြင့် ဖော်ပြပေးထားပါတယ်။ အခု Error များကို ရှင်းလင်းရန်အတွက် Fix ကို နှိပ်ပြီး ရှင်းလင်းပေးနိုင်ပါတယ်။
ဒုတိယအဆင့်အနေဖြင့် System Information ကို ဆက်လက်လေ့လာကြည့်ပါမယ်။ ဒီSystem Information မှာဆိုရင်တော့ ကွန်ပျူတာအတွင်း တပ်ဆင်အသုံးပြုထားသော CPU , Memory , Mainboard , Hard Drive များနှင့်ပက်သက်သော အချက်အလက်များစွာကို အသေးစိတ်ဖော်ပြပေးထားတာကို တွေ့မြင်ရပါတယ်။
PC Stabiliry Issues ကတော့ ကွန်ပျူတာ system ရဲ့ တည်ငြိမ်မှုကို ပြသပေးတဲ့ Feature တစ်ခု ဖြစ်ပါတယ်။
ဥပမာ သင့်ကွန်ပျူတာအတွင်းမှာ Registry File များ Junk Fileများစွာ ရှိနေမယ်ဆိုရင် ဒီ PC Stability Issues မှာ အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။
Junk Files နှင့် Registry Fix တို့ကတော့ ကွန်ပျူတာအတွင်းရှိ Junk File များ Registry ရှိ Errorများကို ဖြေရှင်းပေးရန်အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာတစ်လုံး သွက်လက်ပေါ့ပါးနေချင်တယ်ဆိုရင်တော့ အသုံးပြုသင့်တဲ့ ဆောဖ့်ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။