Advanced SystemCare Ultimate ဆောဖ့်ဝဲ

Written by S.N.O Published in 19 Nov 2014

Advanced SystemCare Ultimate ဆောဖ့်ဝဲလေးကတော့ ထွက်တာ သိပ်မကြာသေးပေမယ့် အသုံးပြုသူ များပြားတဲ့ ဆောဖ့်ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။

သူ့ဟာ ကွန်ပျူတာ System အတွင်းရှိ မလိုလားအပ်သော File များ Error များအပြင် Spyware များကိုပါ ရှင်းလင်းပေးနိုင်တဲ့ ဆောဖ့်ဝဲကောင်းတစ်ခု ဖြစ်ပါတယ်။ Advanced SystemCare Ultimate ကို စတင် Run လိုက်လျှင် အောက်ပါပုံအတိုင်း မြင်တွေ့ရပါလိမ့်မယ်။

 

 

Advanced SystemCare Ultimate မှာ Simplified Mode နှင့် Expert Mode ဆိုပြီး အမျိုးအစား နှစ်မျိုး ခွဲခြားပေးထားပါတယ်။ 

Simplified Mode ကတော့ သာမန် User တွေ အသုံးပြုရန် အဆင်ပြေစေမည့် Mode ဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းသော အသွင်အပြင်နှင့် တည်ဆောက်ထားပြီး လူတိုင်း အသုံးပြုနိုင်အောင် ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ 

Expert Mode ကတော့ ပိုပြီးတော့ အသေးစိတ်ဆန်ပါတယ်။ သူ့ကတော့ ကွန်ပျူတာအကြောင်း အတော်အသင့် နားလည်တဲ့သူတွေအနေဖြင့် အသုံးပြုနိုင်အောင် စီစဉ် ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။

 

 

Advanced SystemCare Ultimate ဟာ Web Browsing ပြုလုပ်နေစဉ်အတွင်းမှာလည်း ကွန်ပျူတာအတွင်းသို့ ၀ဘ်စာမျက်နှာများမှတဆင့် မလိုလားအပ်သော Virus များအလွယ်တကူ မ၀င်ရောက်နိုင်အောင်ကာကွယ်ပေးထားသော စနစ်တစ်ရပ် ပါဝင်ပါတယ်။

ဒါကြောင့် သင့်အနေဖြင့် Spyware , Malware များ ရှိနေသော Website များသို့ ၀င်ရောက်ပါက Advanced SystemCare Ultimate မှ သတိပေးချင်များ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။

တကယ်လို့ သင်အသုံးပြုသော Website ဟာ လုံခြုံမှုရှိတယ်ဆိုရင်တော့ ၀ဘ်ဆိုက် လိပ်စာဘေးမှာ အစိမ်းရောင် အမှန်ခြစ်လေး ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.