Advanced SystemCare Ultimate (၃)

Written by S.N.O Published in 21 Nov 2014

Advanced SystemCare Ultimate မှာ Malware Threats , Registry Erros , Privacy Issues , Junk Files , Internet Problems , Shortcuts Errors ဆိုပြီးတော့ Error များကို ရှင်းလင်းပေးနိုင်တဲ့ Feature ခြောက်မျိုး ထည့်သွင်းပေးထားပါတယ်။

Error တစ်ခုချင်းစီအလိုက် အသေးစိတ် Scan ပြုလုပ်ပေးမှာ ဖြစ်ပြီး Scan ပြုလုပ်ပြီးနောက် ကွန်ပျူတာအတွင်းရှိ Error များကို Fix လုပ်ပေးပါလိမ့်မယ်။

 

 

Error များကို Scan ပြုလုပ်ပြီးနောက် အောက်ပါအတိုင်း Attention ကို ပြသပေးပါလိမ့်မယ်။ လက်ရှိမှာ ကွန်ပျူတာရဲ့ Security လုံခြုံရေးစနစ်ဟာ Medium အနေဖြင့် ပြသပေးထားတာကြောင့် အလယ်အလတ် ၀န်းကျင်သာရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ သူဟာ Windows Update ပြုလုပ်ခိုင်းပါတယ်။ ဒါကို Update မလုပ်ပေးနိုင်တဲ့အတွက်ကြောင့် Security ဟာ အလယ်အလတ် ဖြစ်နေတာ ဖြစ်ပါတယ်။

 

 

Performance ကတော့ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် စနစ်တစ်ရပ် ဖြစ်ပါတယ်။ လက်ရှိမှာ ကွန်ပျူတာအတွင်း Registry Errors များ Junk Files များ များပြားနေတဲ့ အတွက်ကြောင့် ကျဆင်းနေခြင်း ဖြစ်ပါတယ်။

 

 

Stability ကတော့ Windows System ရဲ့ အခြေအနေကို ပြောတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အလယ်အလတ် Medium အဆင့်မှာ ရှိပါတယ်။ အခု Error တွေကို Repair လုပ်ကြည့်လိုက်ပါမယ်။ ဒါကြောင့် အောက်ဖက်ရှိ Repair Button ကို နှိပ်လိုက်ပါမယ်။

 

 

ကွန်ပျူတာအတွင်းရှိ Error မျာကို ဖြေရှင်းပေးနေပုံ ဖြစ်ပါတယ်။

 

 

အားလုံးပြီးသွားရင်တော့ အောက်ပါအတိုင်း Repair finished ဆိုပြီး မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

 

 

ဒါဆိုရင်တော့ Back ကိုနှိပ်ပြီး Advanced SystemCare Ultimate ရဲ့ Home Page ကို ပြန်သွားကြည့်ပါမယ်။ ကွန်ပျူတာအတွင်းရှိ Error များ ကျန်ရှိနေသေးသလားဆိုတာကို သိချင်ရင်တော့ Smart Scan ကိုနှိပ်ပြီး Error များကို ထပ်မံရှာဖွေကာ ရှင်းလင်းပေးနိုင်ပါတယ်။

တကယ်လို့ Error တွေကို မစစ်ချင်တော့ဘူးဆိုရင်တော့ အပေါ်ဖက်ထောင့်ရှိ X လေးကို နှိပ်ကာ Advanced SystemCare Ultimate မှ ထွက်နိုင်ပြီ ဖြစ်ပါတယ်။

 

 

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.