Amazon မှ ထုတ်လုပ်မည့် ပထမဆုံး 3D Smartphone
လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း Amazon မှ ထုတ်ပြန်ကြေညာချက်အရ ကမ္ဘာ့ပထမဆုံး 3 D Smartphone ကို ထုတ်လုပ်ရန်ပြင်ဆင်နေကြောင်း သိရပါတယ်။ Amazon မှ ၎င်းရဲ့ Smartphone အား Fire Phone ဟု အမည်ပေးထားပြီး ၎င်းဟာ 4.7 လက်မအရွယ် IPS LCD HD Display အမျိုးအစားဖြစ်ကြောင်း သိရပါတယ်။
ထို့ပြင် Fire Phone တွင် 2.2 GHz Quad-core Snapdragon 800 Processor ကို အသုံးပြုထားတာကြောင့် မြန်နှုန်းမြင့် Smartphone တစ်မျိုးဖြစ်ကြောင်း သုံးသပ်လို့ရပါတယ်။ RAM ပမာဏကတော့ 2 GB ဖြစ်ပြီး Storage အနေဖြင့် 32 GB နှင့် 64 GB ဆိုပြီး နှစ်မျိုးထုတ်လုပ်သွားမှာဖြစ်ကြောင်း Amazon မှ သတိပေးပြောကြားထားပါတယ်။
Amazon ရဲ့ Fire Phone တွင် 13-megapixel rear camera ကို အသုံးပြုထားတာကြောင့် ဓါတ်ပုံရိုက်ကူးရာမှာ ပုံထွက်အရေအသွေး အလွန်ကောင်းမွန်လှပါတယ်။ ထို့ပြင် ၎င်း Smartphone ရဲ့ထူးခြားချက်ကတော့ Dynamic Perspective , 3D Feature ပါဝင်ပြီး ရုပ်ပုံများကို သုံးဖက်မြင် 3 D အနေဖြင့် ပြသပေးနိုင်ပါတယ်။
Fire Phone ကို လာမည့် လအနည်းငယ်အတွင်း ဈေးကွက်အတွင်းဖြန့်ချိသွားမှာဖြစ်ပြီး Amazon နဲ့ AT&T စတိုးတို့မှာ ၀ယ်ယူနိုင်မှာဖြစ်ကြောင်း Amazon မှ ပြောကြားခဲ့ပါတယ်။