Amazon မှ မိုဘိုင်းဖုန်းများအတွင်း ဗီဒီယိုကြည့်ရှုနိုင်သည့် Prime Instant Video Application ကို ထုတ်လုပ်
Amazon ကုမ္ပဏီမှ Android ဖုန်းများအတွင်း ၎င်းရဲ့ Prime Video ရုပ်ရှင်များနှင့် တီဗီအစီအစဉ်များကို ကြည့်ရှုနိုင်ရန်အတွက် Prime Instant Video Application ကို မကြာမီ ထုတ်လုပ်သွားမှာဖြစ်ကြောင်း သတင်းဌာနများသို့ အသိပေး ပြောကြားသွားပါတယ်။
Prime Instant Video ဟာ ၎င်းရဲ့ Streaming ၀န်ဆောင်မှုတစ်ရပ်ဖြစ်တာကြောင့် ဒီဝန်ဆောင်မှုနှင့် ပတ်သက်ပြီး User များ အဆင်ပြေပြေ အသုံးပြုနိုင်ရန် ယခု Application ကို ထုတ်လုပ်ခြင်းဖြစ်တယ်လို့ PC Advisor ဌာနမှ ကြေညာခဲ့ပါသည်။
Amazon ရဲ့ Prime Video ၀န်ဆောင်မှုဟာ ရုပ်သံအရည်အသွေးများကို 4K Resolution အနေဖြင့် ကြည့်ရှုရမှာဖြစ်တာကြောင့် အလွန်ကြည်လင်ပြတ်သားမှုရှိသော Streaming Service တစ်ခု ဖြစ်ပါတယ်။
ထို့ပြင် Prime Instant Video Library မှလည်း ဗီဒီယိုများကို ရှာဖွေကြည့်ရှုနိုင်ရန် Amazon မှ စီစဉ်ထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ယခုအချိန်မှာ Amazon ရဲ့ဝန်ဆောင်မှုကို အသုံးပြုလျှက်ရှိတဲ့ မိုဘိုင်း User ပေါင်း 1 ဘီလီယံကျော်ရှိနေပြီး အခြား Streaming ဆားဗစ်လုပ်ငန်းများဖြစ်သည့် Netflix နှင့် Hulu Plus တို့ကို Amazon မှ ယှဉ်ပြိုင်နိုင်ရန် ယခု Application ကို ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။
Amazon ရဲ့ဗီဒီယိုထုတ်လွှင့်သည့် ၀န်ဆောင်မှုကို နောက်ဆုံးပေါ် Tablet များ၊ မိုဘိုင်းဖုန်းများအတွင်း Application ကို ထည့်သွင်းကာ ကြည့်ရှုနိုင်ကြောင်း သိရှိရပါတယ်။