AMD ကုမ္ပဏီမှ စွမ်းဆောင်ရည်မြင့်ပြီး စွမ်းရည်သုံးစွဲမှုနည်းသော Chip အသစ်များ ထုတ်လုပ်ရန်ကြိုးပမ်း

Written by S.N.O Published in 21 Jun 2014

    AMD ကုမ္ပဏီမှ နောက်လာမည့် နှစ်များအတွင်း စွမ်းအင်သုံးစွဲမှု အလွန်သက်သာပြီး စွမ်းဆောင်ရည် အလွန်ကောင်းမွန်သော Chip အသစ်များ ဆက်လက်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

AMD မှ နောင်လာမည့် 2020 တွင် ယခုထက် စွမ်းဆောင်ရည် 25 ဆမျှ ပိုမိုကောင်းမွန်သော Chip အသစ်များ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

    AMD ဟာ လွန်ခဲ့တဲ့ ခြောက်နှစ်တာကာလ အခြေအနေနှင့် ယခု အခြေအနေတစ်ရပ်မှာ Chip များဟာ 10 ဆမျှ ပိုမိုစွမ်းဆောင်ရည်ကောင်းအောင် ပြုလုပ်လာနိုင်ခဲ့ပါတယ်။

ထို့အပြင် AMD အနေဖြင့် စွမ်းအင်သုံးစွဲမှုလျှော့ချရေးကိုလည်း အထူးအလေးထားဆောင်ရွက်လျှက်ရှိပြီး ကုမ္ပဏီအနေဖြင့် နောက်ခြောက်နှစ်တာကာလအတွင်း ၎င်းရဲ့ အီလက်ထရောနစ်ပစ္စည်းများရဲ့ စွမ်းအင်သုံးစွဲမှုကို 70 ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

 

 

    AMD ကုမ္ပဏီအနေဖြင့် များစွာရှုပ်ထွေးနေသော System Architecture များ APU ကို အသုံးမပြုပဲ CPU နှင် GPU ကို ပေါင်းစပ်ကာ နောက်ဆုံးပေါ် Chipset များမှာ အသုံးပြုသွားမှာဖြစ်ကြောင်း ဒီနည်းပညာဟာ Memory Pool ကို အတူတူမျှဝေအသုံးပြုနိုင်သည့် နည်းပညာသစ်တစ်ရပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

CPU နှင့် APU ရဲ့ဆက်သွယ်ချက်ကို  ဖြတ်ချလိုက်ခြင်းအားဖြင့် စွမ်းအင်သုံးစွဲမှုကို ကျဆင်းလာစေမှာဖြစ်သလို တစ်ဖက်မှာလည်းစွမ်းဆောင်ရည်ကို တိုးတက်လာစေကြောင်း AMD မှပြောကြားခဲ့ပါတယ်။

ဒီလို နောက်ဆုံးပေါ်နည်းပညာရပ်များကို AMD မှ Mobile Computing များမှာ အသုံးပြုသွားမှာဖြစ်ပြီး ARM အခြေပြု Architecture များကို အခြေခံထားတဲ့ Chip များကိုလည်း Smartphone များ ၊ Tablet များအတွက် ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ကြောင်း အသိပေးပြောကြားသွားပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.