Android ဖုန်းမှ တိုက်ရိုက် Print ထုတ်ယူနိုင်မည့် Google Cloud Print

Written by S.N.O Published in 10 Jul 2014

              Android စမတ်ဖုန်း ကိုင်ဆောင်သူများအနေဖြင့် ဖုန်းအတွင်းမှာ ထည့်သွင်းထားတဲ့ Document များကို Print ထုတ်ယူရာမှာ အတော်လေး အခက်အခဲရှိနေပါတယ်။ ဖုန်းအတွင်းရှိ Document များ ၊ ဓါတ်ပုံများ ၊ စာသားများ ကို Print ထုတ်ယူရန်အတွက် အရင်ဆုံး ကွန်ပျူတာအတွင်း ထည့်သွင်းပြီးမှသာ Print ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒီလို အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ရန်အတွက် Google ကုမ္ပဏီမှ Cloud Print ဆိုတဲ့ စမတ်ဖုန်းမှ တိုက်ရိုက် Print ထုတ်ယူနိုင်တဲ့ ၀န်ဆောင်မှုတစ်ရပ်ကို စတင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါတယ်။

       စမတ်ဖုန်းအတွင်း E mail များ ၊ သတင်းစာများ ၊ အရေးကြီးအချက်အလက်များကို အလွယ်တကူ Print ထုတ်ယူနိုင်ရန် ဒီဝန်ဆောင်မှုကို ပြုလုပ်ပေးခဲ့ကြောင်း Google မှ ပြောကြားခဲ့ပါတယ်။ ဒီလို Print ထုတ်ယူရန်အတွက်လည်း နောက်ဆုံးပေါ် စမတ်ဖုန်း၊ Tablet နှင့် Printer များ အသုံးပြုရန်မလိုကြောင်း သာမန်အသုံးပြုနေကျ Device များဖြင့်သာ အလွယ်တကူ အသုံးပြုနိုင်ကြောင်း Google မှ ကြေငြာခဲ့ပါတယ်။

 

 

Google ရဲ့ Cloud Print ဟာ လက်ရှိလောလောဆယ်မှာ Beta Version အဆင့်သာရှိသေးပေမယ့် အသုံးပြုသူများအတွက် လွန်စွာမှ အကျိုးရှိသော Feature တစ်ခုဖြစ်ကြောင်း ၊ ဒီ Feature ဟာ ၀ဘ်အခြေပြု Feature အသစ်တစ်ခု ဖြစ်ကြောင်း Google မှ ရှင်းပြခဲ့ပါတယ်။

သင့်အနေဖြင့် Printer တစ်လုံးကို အိမ်မှာထားလို့ပဲဖြစ်ဖြစ် ရုံးခန်းမှာအသုံးပြုလို့ပဲဖြစ်ဖြစ် မိုဘိုင်းဖုန်းအတွင်းမှ စာသား document များကို ၎င်း Printer နှင့် ၀ဘ် မှတဆင့် ချိတ်ဆက်ကာ Print ထုတ်ယူနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

Cloud Print ကို Android ဖုန်းများအတွင်းမှာသာမကပဲ Chrome , iOS , Desktop , Laptop များအတွင်းမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.