Android OS အသုံးပြုသူများအနေဖြင့် Malware အန္တရာယ်ကို iOS အသုံးပြုသူထက် ပိုမိုစိုးရိမ်နေရ

Written by S.N.O Published in 19 Jun 2014

         ယခုရက်ပိုင်းအတွင်း Android OS အသုံးပြုသူများအနေဖြင့် iOS အသုံးပြုသူများထက် Malware အန္တရာယ်ကို ပိုမိုစိုးရိမ်နေရကြောင်း သုတေသီများမှ စစ်တမ်းကောက်ယူချက်အရ ပြောကြားသွားပါတယ်။ ထို့ပြင် ယခုရက်ပိုင်းအတွင်း Google Play စတိုးတွင် Antivirus Apk ကို Download ပြုလုပ်သူများပြားလာကြောင်း Google Play မှ ပြောကြားခဲ့ပါတယ်။

Google Play တွင် Virus Shield ဆိုသည့် Application မှာ အသုံးပြုသူ အများအပြားနှစ်သက်သဘောကျသည့် Antivirus Apk တစ်ခုဖြစ်ကြောင်း ၎င်း Apk မှာ Virus များ Malware များဝင်ရောက်လာခြင်းကို ထိရောက်စွာ တားစီးပေးနိုင်ကြောင်း သိရပါတယ်။ Virus Shield မှာ 3.99 ဒေါ်လာဖြင့် ၀ယ်ယူအသုံးပြုရသည့် application တစ်ခုဖြစ်သော်လည်း Antivirus Application များအကြား ရေပန်းအစားဆုံး Application တစ်ခုဖြစ်နေခဲ့ပါတယ်။

       Virus Shield ကိုအသုံးပြုသူဦးရေ 10,000 ကျော်ရှိနေပြီး အသုံးပြုသူပေါင်း ထောင်ကျော်မှ ကြယ်ငါးပွင့် 5 Star ပေးထားပါတယ်။ သူ့ရဲ့အားသာချက်ကတော့ ရှင်းလင်းသော အသွင်အပြင်နှင့် Antivirus Protection ဟာလည်း ရှင်းလင်းပြီး ထိရောက်မှုရှိသောကြောင့်ဖြစ်ပါတယ်။

 

 

     Google အနေဖြင့် ၎င်း ရဲ့ Google Play တွင် Malwae Scanning Service ကို ထည့်သွင်းထားခြင်းမရှိသည့်အတွက်ကြောင့် ယခုကဲ့သို့ Google Play တွင် Malware များပျံ့နှံ့နေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် Google အနေဖြင့် Fake Apk များကို အမြန်ဆုံးဖယ်ရှားပေးခြင်း၊ သတိပေးချက်များထုတ်ပြန်ခြင်း ၊ Antivirus Apk များအသုံးပြုရန် တိုက်တွန်းခြင်း စတဲ့ လုပ်ဆောင်ချက်များကို ဆောင်ရွက်ခဲ့ပါတယ်။

အသုံးပြုသူများ အနေဖြင့်ကတော့ Antivirus Application တစ်မျိုးမျိုးကို သင့်ရဲ့ Mobile Phone အတွင်း ထည့်သွင်းကာ အသုံးပြုသင့်ကြောင်း Cnet သတင်းဌာနမှ ပြောကြားခဲ့ပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.