Animation များ ထည့်သွင်းခြင်း
Animation ဆိုတာကတော့ ယခင် အသုံးပြုနေကျ Transition နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် Animation တွေဟာ Transition တွေထက် ပိုကောင်းပါတယ်။ Transition ဆိုတာဟာ Slide တစ်ခုနှင့်တစ်ခု အကြားကူးပြောင်းရာမှာ တန်ဆာဆင်ပေးတဲ့ Effect တွေ ဖြစ်ပါတယ်။
Animations တွေကတော့ ၎င်း Transition တွေထက် ပိုမိုလှပပြီး ပိုမိုဆန်းပြားပါတယ်။ သူကတော့ Special Effect အမျိုးအစား များ ဖြစ်ပါတယ်။
Silde များကို Animation ထည့်သွင်းရန်အတွက် Animations Tag ကို ခေါ်လိုက်ပါ။
ပြီးနောက် Slide Windows ရှိ Main Slide ကြီးကို Select လုပ်ထားလိုက်ပါ ။ သူက ယခင် ဘယ်ဖက် Slide View မှာ Select လုပ်ထားလို့ မရပါဘူး။ Main View မှာသာ Select လုပ်ထားရမှာ ဖြစ်ပါတယ်။ ပြီးနောက် နှစ်သက်ရာ Animations တစ် ခုခုကို ရွေးချယ်ပေးလိုက်ပါ။
ဒါဆိုရင် သင်ရွေးချယ်ပေးလိုက်တဲ့ Animation ကို ပြသပေးမှာ ဖြစ်ပါတယ်။ ဒီ Animation ကို ကြိုက်ပြီဆိုရင်တော့ အတည်ယူ ထားလိုက်ပါ။ တကယ်လို့ မကြိုက်သေးဘူးဆိုရင်တော့ အခြားသော Animation များကို စမ်းသပ်ကြည့်ပါ။
နောက်ထပ် Animation များထည့်သွင်းနိုင်သော နည်းလမ်းကတော့ Tools Bar ပေါ်ရှိ Add Animation ဆိုသည့်နေရာတွင် Click တစ်ချက် နှိပ်လိုက်ပါ။
အဲဒီမှာ သင်နှစ်သက်တဲ့ပုံစံအတိုင်း Animation များကို စိတ်ကြိုက်ရွေးချယ်ပြီး ထည့်သွင်းအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ သင့်ရွေးချယ် လိုက်တဲ့ Effect ရဲ့ ပုံစံကို ကြည့်ရှုရန်အတွက် ဘယ်ဖက်ထောင့်ရှိ Preview ကို တစ်ချက်နှိပ်လိုက်ပါ။
ဒါဆိုရင် သင့်ရဲ့ Effect လုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီ ဖြစ်ပါတယ်။