AOMEI Backupper Professional

Written by S.N.O Published in 12 Aug 2014

AOMEI Backupper Professional ကတော့ သင့်ကွန်ပျူတာအတွင်းရှိ File များ၊ Folder များကို အလွယ်တကူ Backup ပြုလုပ်ကာ သိမ်းဆည်းထားနိုင်သော ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

AOMEI Backupper Professional တွင် File Backup , System Backup , Disk Backup , Partation Backup ဆိုပြီး Backup ပြုလုပ်နိုင်သည့် အပိုင်းလေးမျိုး ပါဝင်ပါတယ်။

File Backup ကတော့ ကွန်ပျူတာအတွင်းရှိ အရေးကြီးသော File များ၊ Folder များကို Backup ပြုလုပ်ပေးသည့် Feature ဖြစ်ပါတယ်။ ဒီလို Backup ပြုလုပ်ကာ သိမ်းဆည်းထားနိုင်တာကြောင့် File , Folder များ ပျောက်ဆုံးခဲ့မယ်ဆိုရင် ပြန်လည် Recover ပြုလုပ်လို့ရပါတယ်။

 

AOMEI Backupper Professional မှာ ပါဝင်တဲ့ System Backup ကတော့ သင့်ကွန်ပျူတာ Operating System တစ်ခုလုံးကို Backup ပြုလုပ်ပေးနိုင်သော Feature ဖြစ်ပါတယ်။ ဒီလို Backup ပြုလုပ်ထားမယ်ဆိုရင် Windows OS အတွင်းရှိ Error များကို Restore ပြုလုပ်ကာ ဖြေရှင်းပေးနိုင်ပါတယ်။

Disk Backup ကတော့ ကွန်ပျူတာအတွင်းရှိ Hard Disk ကြီးတစ်ခုလုံးကို Backup ပြုလုပ်ပေးသည့် Feature ဖြစ်ပါတယ်။ Hard Disk အတွင်းရှိ File ပမဏပေါ်မူတည်ပြီး အချိန်တော်တော်လေး ကြာမြင့်စွာ Backup ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး Backup ပြုလုပ်ရာမှာ Hard Disk တစ်ခုလုံးကို Image File အနေဖြင့် သိမ်းဆည်းပေးသွားမှာဖြစ်ပြီး တကယ်လို့ Hard Disk အတွင်းရှိ File များ ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် ဒီ Image File များထဲမှတဆင့် ပြန်လည် Restore ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Partation Backup ကတော့ ကွန်ပျူတာအတွင်း Partation ပိုင်းထားတဲ့ Hard Disk များကို မှတ်သားထားမှာ ဖြစ်ပါတယ်။

AOMEI Backupper Professional ရဲ့ Restore Feature ကတော့ သင် Backup ပြုလုပ်ထားသမျှ File , Folder , Disk , Partation များအားလုံးကို ပြန်လည် Restore ပြုလုပ်ကာ ခေါ်ယူအသုံးပြုရန်အတွက် ဖြစ်ပါတယ်။

Clone Feature ကတော့ Hard Disk များအတွင်း ထည့်သွင်းထားတဲ့ File, Software , Folder , Operating System များအားလုံးကို အခြားပုံစံတူ Hard Disk အတွင်းသို့ ထည့်သွင်းခြင်း Clone ပြုလုပ်ခြင်းအတွက် ဖြစ်ပါတယ်။
AOMEI Backupper Professional မှာ Utilities Feature လည်းပါဝင်တာကြောင့် အခြား Error များကို ဒီ Utilities ကို အသုံးပြုပြီး ဖြေရှင်းပေးလို့ရပါတယ်။

AOMEI Backupper Professional ကို အသုံးပြုချင်တယ်ဆိုရင်တော့ Download.cnet.com မှာ အခမဲ့ Download ပြုလုပ်ကာ အသုံးပြုနိုင်ပါတယ်။ File Size အရွယ်အစားကတော့ 58.5 MB ဖြစ်ပြီး Windows XP , Vista , Windows 7 နှင့် Windows 8 တို့တွင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.