Apple မှ ယခင် Flash plug-in အဟောင်းအား upgrade ပြုလုပ်ခြင်းကို တားမြစ်

Written by S.N.O Published in 18 Jul 2014

    Apple မှ ၎င်းရဲ့ Mac အသုံးပြုသူများအား Adobe Flash Player ရဲ့ Plug-in များကို Update ပြုလုပ် အသုံးပြုခြင်းအား တားမြစ်ကြောင်းနှင့် ခွင့်မပြုကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Apple ရဲ့ ယခုကဲ့သို့ ပြုမူချက်ဟာ လုံခြုံရေးဆိုင်ရာ အချက်ကြောင့်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အင်တာနက်အသုံးပြုသူ Mac User များရဲ့ ကွန်ပျူတာပိုမို လုံခြုံမှုရှိစေရန် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။

 


 Mac အသုံးပြုသူများ အထူးသဖြင့် Safari Browser ကို အသုံးပြုပြီး အင်တာနက် အသုံးပြုသူများ အနေဖြင့် Adobe Flash ကို Upgrade ပြုလုပ် အသုံးပြုခိုင်းသော ၀ဘ်ဆိုက်များအား ရှောင်ရှား သင့်ကြောင်း ဒီလိုမျိုး Upgrade ပြုလုပ်ရန် တောင်းခံလာလျှင် Apple  အနေဖြင့် လည်း ခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

   ဒါကြောင့် Flash Player ကို Upgrade ပြုလုပ်ခိုင်းသော ၀ဘ်ဆိုက်များ ကို ကြည့်ရှုမည် ဆိုပါက Safari Web Browser မှ ၎င်း Plug-in Upgrade ကို တားမြစ်ထားတာကြောင့် Blocked Plug-in ဆိုသည့် စာသားကိုသာ မြင်တွေ့ရမှာဖြစ်ပြီး အဆင်ပြေပြေ ကြည့်ရှုနိုင်မှာ မဟုတ်ကြောင်းကိုလည်း User များကို အသိပေး ပြောကြားခဲ့ပါတယ်။

Apple ဟာ Adobe Flash နှင့် ကာလကြာရှည်စွာ ပတ်သက် လုပ်ကိုင်ခဲ့သော်လည်း ယခုအချိန်မှာတော့ ၎င်းရဲ့ iPhone , iPad များအတွင်း Flash ထည့်သွင်း အသုံးပြုမှုကို Bun တားမြစ်ထားမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။ Apple ရဲ့ ယခုလို ပြုမှုချက်ဟာ လုံခြုံရေးဆိုင်ရာ ကာကွယ်လို၍ဖြစ်ပြီး ဟက်ကာများမှ Cookies များကို အသုံးပြုပြီး User Data များကို မခိုးယူနိုင်စေရန် ကာကွယ်ထားခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် Windows , Linux , Adobe AIR ထုတ်ကုန် အသုံးပြုသူများ အနေဖြင့်ကတော့ Flash Player Upgrade အား အဆင်ပြေပြေ အသုံးပြုလျှက်ရှိကြောင်း Adobe ရဲ့ Bullet in Page စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.