Apple မှ iWatch အား လာမည့် July လမှာ ဖြန့်ချိသွားဖွယ်ရှိ
Apple မှ ၎င်းရဲ့ iWatch Product အား လာမည့် ဂျူလိုင်လအတွင်း ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ချိသွားမှာဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ iWatch ဟာ Apple မှ ထုတ်လုပ်တဲ့ SmartWatch နာရီ အမျိုးအစား Gadget တစ်မျိုးဖြစ်ပြီး ၎င်းအား စွမ်းဆောင်ရည်မြင့် အီလက်ထရောနစ် စက်ပစ္စည်းများနှင့် တီထွင် ပြုလုပ်ထားပါတယ်။
Apple ရဲ့ iWatch ဟာ လက်ပတ်နာရီအမျိုးအစား ဒီဇိုင်းအတိုင်းပြုလုပ်ထားတာဖြစ်ပြီး ၎င်းတွင် 2.5 လက်မအရွယ်Display Screen ပါဝင်ထည့်သွင်းထားပါတယ်။
ထို့အပြင် iWatch မှာ နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်သည့် Sensor , အခြား iOS Device များနှင့်ချိတ်ဆက်အသုံးပြုနိုင်သော Function စတာတွေ ထည့်သွင်းဖန်တီးထားပါတယ်။ Apple အနေဖြင့် iWatch အား သန်း 50 ကျော်ရောင်းချနိုင်ရန်မျှော်လင့်ထားကြောင်း သတင်းဌာနများမှာ ထုတ်ဖော်ပြောကြားထားပါတယ်။
နိုင်ငံတကာရှိ အီလက်ထရောနစ် Hardware များကိုထုတ်လုပ်သော ကုမ္ပဏီများအနေဖြင့် Smartphone , Tablet များအပြင် လက်ပတ် အီလက်ထရောနစ် Device များဟာ လာမည့် 2018 ခုနှစ်ခန့်မှာ အလွန်အမင်း ခေတ်စားလာနိုင်ကြောင်း မျှော်မှန်းထားကြပြီး Smartwatch လို့ခေါ်တဲ့ နည်းပညာမြင့် နာရီများဟာလည်း လူသန်းပေါင်းများစွာကို စွဲဆောင်နိုင်သော Gadget ပစ္စည်းတစ်ခု ဖြစ်ကြောင်း သုံးသပ်ကြပါတယ်။
ကမ္ဘာကျော် Sony ကုမ္ပဏီအနေဖြင့်လည်း Smartwatch နှစ်မျိုးခန့် ဈေးကွက်အတွင်းထုတ်လုပ်ထားပြီး Samsung အနေဖြင့်လည်း အလားတူ Gatget များ ထုတ်လုပ်ရန်စိတ်ဝင်စားလျှက်ရှိကြောင်း သိရပါတယ်။