Apple မှ screen အရွယ်အစားကြီးမားသော iPhone အား ထုတ်လုပ်သွားမည်
လာမည့်လအတွင်း Apple ကုမ္ပဏီမှ 5.5 screen လက်မ အရွယ်အစားရှိ iPhone အသစ်အား ထုတ်လုပ်သွားမည်ဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့ပါသည်။ Apple ၏ iPhone အသစ်ဟာ screen လက်မ အရွယ်အစား ပိုမိုကြီးမားလာပြီး 4.7 လက်မ နှင့် 5.5 လက်မ အမျိုးအစား 2 မျိုး ခွဲခြားထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါသည်။
Apple ကုမ္ပဏီ အနေဖြင့် ဒီ iPhone နှစ်မျိုးအား တရုတ်ပြည်တွင်းသို့ စတင် ရောင်းချသွားမှာဖြစ်ပြီး တခြားနိုင်ငံများအနေနဲ့ကတော့ လာမည့်စက်တင်ဘာလမှသာ ဖြန့်ဖြူးရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ Apple ၏ ယခု iPhone ဟာ ယခင် Model များထက် ပိုမိုပါးလွှာပြီး ဒေါင့်ချိုးများဟာလည်း ပိုမိုလုံးဝန်းလာတာကို တွေ့ရပါတယ်။
Apple အနေဖြင့် Samsung နှင့် HTC Smart ဖုန်းများနှင့်ယှဉ်ပြိုင်ရန် အတွက်ဖြစ်တာကြောင့် ယခုကဲ့သို့ Screen အရွယ်အစားကြီးမားသော iPhone အသစ်ကို ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရပါသည်။