Apple နှင့် IBM ကုမ္ပဏီတို့ နည်းပညာပိုင်းဆိုင်ရာ အကျိုးတူ ပူးပေါင်းဆောင်ရွက်

Written by S.N.O Published in 30 Jul 2014

      လွန်ခဲ့တဲ့ 1990 ခုနှစ် ၀န်းကျင်ခန့်က Apple ကုမ္ပဏီနှင့် IBM ကုမ္ပဏီတို့ဟာ အကျိုးတူ ပူးပေါင်းပြီး Intel ရဲ့ Chip များကို အကြီးအကျယ် ပြိုင်ဆိုင် ထုတ်လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်း Apple နှင့် IBM တို့ဟာ တစ်ကွဲ တစ်ပြားစီ ကိုယ့်လုပ်ငန်းကိုယ် အခြေစိုက် လုပ်ကိုင်လာရာမှာ ယခု ပြန်လည်ပူးပေါင်းပြီး နည်းပညာအသစ်များကို စမ်းသပ်ထုတ်လုပ်မှာ ဖြစ်ကြောင်း Apple မှ ပြောကြားခဲ့ပါတယ်။

 

 

လက်ရှိ Apple နှင့် IBM တို့ရဲ့ အကျိုးတူ ပူးပေါင်း လုပ်ဆောင်ချက်အရ Apple ၏ အထောက်အပံ့အားဖြင့် IBM အနေဖြင့် ၎င်းရဲ့ ပြိုင်ဖက်များဖြစ်သည့် Hewlett-Packard နှင့် Dell တို့နှင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချရာမှာ ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိလာနိုင်ဖွယ် ရှိပါတယ်။

Apple အနေဖြင့် ၎င်းရဲ့ iOS 8 Platform အား IBM Device များအတွင်း ထည့်သွင်း အသုံးပြုနိုင်ဖွယ်ရှိတာကြောင့် နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးရရှိစေသော သဘောတူညီ ချက်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ယခုကဲ့သို့ သဘောတူညီမှုဟာ Microsoft ရဲ့ Windows Platform အပေါ်ကိုလည်း သက်ရောက်မှုရှိနိုင်ကြောင်း၊ Microsoft ၏ Mobile-frist , Cloud-first ၀န်ဆောင်မှုများအပေါ်လည်း များစွာ အကျိုး ရှိစေနိုင်ကြောင်းကိုလည်း ပြောကြားထားပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.