Apple iOS 8 ဟာ စီးပွားရေးသမားများအတွက် ပိုမို သင့်တော်ဟုဆို

Written by S.N.O Published in 13 Sep 2014

        Apple ရဲ့ အသစ်ထွက်ပေါ်လာသော iOS 8 ဟာ စီးပွားရေးလုပ်ငန်းရှင်များအတွက် ပိုမိုသင့်တော်သော OS တစ်ခုဖြစ်ကြောင်း Apple မှ ပြောကြားခဲ့ပါတယ်။

iOS 8 မှာ ထည့်သွင်းထားသော feature များဟာ စီးပွားရေးဆိုင်ရာအချက်အလက်များ ၊Document , Data , Note စနစ်များစွာ ပါဝင်တာကြောင့် အလွယ်တကူ အသုံးပြုနိုင်ကြောင်း သိရှိရပါတယ်။

 

 

        Apple iOS မှာ ပါဝင်သော Keyboard စနစ်ဟာ ပုံမှန်စနစ်ထက်များစွာ အားသာချက်ပါဝင်သော onscreen keyboard စနစ်တစ်ခု ဖြစ်ပါတယ်။ ဒီလို Keyboard စနစ်ကို Apple မှသာ စတင်တည်ထွင်ခဲ့တာဖြစ်ပြီး အခြား Platform များဟာ ဒီစနစ်ကို အခြေခံတည်ဆောက်ထားတာ ဖြစ်ကြောင်း Apple မှ ပြောကြားထားပါတယ်။

        Apple ရဲ့ Keyboard စနစ်တွင် Auto Complete စနစ်ပါဝင်ပြီး စာလုံးတစ်လုံးကို ရိုက်လိုက်တာနဲ့ ဖြစ်နိုင်ခြေရှိသော စာလုံးများစွာကို အပေါ်ဖက် bar မှာဖော်ပြပေးနေမှာဖြစ်ကြောင်း ၊ စာလုံးပေါင်းမှားယွင်းမှုများကိုလည်း အလိုအလျှောက်ပြင်ဆင်နိုင်သော စနစ်များ ပါဝင်ကြောင်း Apple မှ ရှင်းလင်းဖော်ပြထားပါတယ်။

        နောက်ထပ်အားသာချက်ကတော့ Application , Sheet များကို Text များအတွင်း ထည့်သွင်းပြီး ပေးပို့နိုင်သော feature များ ထည့်သွင်းပေးထားပါတယ်။ ဒီတော့သင်အသုံးပြုလိုသော Applicationအား အခြား User များဆီသို့ Mobile Network အပြင် Cloud ကို အသုံးပြုပြီးတော့လည်း ပေးပို့နိုင်တာကို တွေ့ရပါတယ်။

        ထို့ပြင် Apple ရဲ့ Mail Application ဟာလည်း လုံခြုံမှုစနစ်မြင့်မားပြီး Exchange ActiveSync ကို အခြေခံကာ တည်ဆောက်ထားသော Mail စနစ်တစ်ရပ်ဖြစ်ပါတယ်။ အသုံးပြုသူများအနေဖြင့် မိုဘိုင်းဖုန်းများမှတဆင့် Message များ ပေးပို့ခြင်း ၊ Message လက်ခံခြင်း ၊ Content များ ပေးပို့ခြင်းများကိုလည်း အလွယ်တကူလုပ်ဆောင်နိုင်ကြောင်း Apple မှ ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

ဒိန်းမတ် ရုံးခန်း လိပ်စာ

IT4MF

Idea House

Boulevarden 17, 7100 Vejle,

Denmark.

SE-nr.: 34 96 01 35

Tel (DK): +45 22 55 68 97

eMail : info@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.

မြန်မာ ရုံးခန်း လိပ်စာ

IT4MF (YGN) CO., LTD.

အမှတ် ၅၈/၆၀၊

ပထမထပ်(ဘယ်ဘက်)၊ ၅၃ လမ်း၊

ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့

SE-nr.: 34 96 01 35

ဖုန်း - 00 95 (09) 250 644 844

eMail : ygn@it4mf.comThis email address is being protected from spambots. You need JavaScript enabled to view it.